Zawgyi

Google ကေန Pixel 4 စမတ္ဖုန္းေတြကို လာမယ့္ ေအာက္တိုဘာလဆိုရင္ တရားဝင္မိတ္ဆက္လာေတာ့မွာပါ။ ဒါေပမယ့္ အခု Apple ကေန iPhone 11 ဖုန္းေတြကို မိတ္ဆက္ေနတဲ့အခ်ိန္မွာ Pixel 4 ဖုန္းရဲ႕ Leaks သတင္းေတြနဲ႔ ဓါတ္ပုံေတြက ဆက္တိုက္ကိုထြက္ရွိလာေနပါတယ္။

အခုလည္း Google ကိုယ္တိုင္ကေန Apple iPhone Event ျပဳလုပ္ေနတဲ့အခ်ိန္မွာ Switch to Pixel ဆိုၿပီး Pixel ဖုန္းေတြကို ဘာေၾကာင့္ ေျပာင္းသုံးရမလဲဆိုတဲ့ Ads Campaign ကို YouTube မွာ စၿပီးတင္ထားခဲ့ပါတယ္။ အခု Switch to Pixel Campaign Video ေတြဟာ ေလာေလာဆယ္မွာေတာ့ ၄ ခုအထိရွိေနၿပီးေတာ့ Video တစ္ခုကို စကၠန္႔ ၃၀ ခန္႔ၾကာျမင့္တာျဖစ္ပါတယ္။

ဒီ Switch to Pixel Video ေတြက အသုံးျပဳသူေတြကေန Pixel ဖုန္းကို Assistant ၊ Fast Charging ၊ Camera ေတြေၾကာင့္ ေျပာင္းသုံးတဲ့အေၾကာင္းကို Portrait ပုံစံ Video နဲ႔ ႐ိုက္ကူးထားတာျဖစ္ပါတယ္။ ဒီ Video ေတြမွာပါဝင္တဲ့သူေတြဟာ တကယ္ေျပာင္းသုံးတဲ့သူေတြျဖစ္ၿပီးေတာ့ သူတို႔ရဲ႕ Opinion အတြက္ ပိုက္ဆံေပးထားတယ္ဆိုတာကိုလည္း စာတန္းထိုးထားခဲ့ပါတယ္။

Google ဟာ ယခင္တုန္းကလည္း “Unswitchables” ဆိုၿပီး ဆက္တိုက္ iPhone ကေန Pixel ဖုန္းကို ေျပာင္းသုံးတဲ့ Ads Campaign ေတြကို ဆက္တိုက္ျပဳလုပ္ေနခဲ့တာျဖစ္ၿပီးေတာ့ အခုလည္း Switch to Pixel Campaign ကို စတင္ေနတဲ့အတြက္ Google အေနနဲ႔ Pixel 4 ဖုန္းအတြက္ စတင္ၿပီးေတာ့ Marketing ေတြလုပ္ေတာ့မယ့္ ပုံစံပါပဲ။

Ref – 9to5Google

Unicode

Google ကနေ Pixel 4 စမတ်ဖုန်းတွေကို လာမယ့် အောက်တိုဘာလဆိုရင် တရားဝင်မိတ်ဆက်လာတော့မှာပါ။ ဒါပေမယ့် အခု Apple ကနေ iPhone 11 ဖုန်းတွေကို မိတ်ဆက်နေတဲ့အချိန်မှာ Pixel 4 ဖုန်းရဲ့ Leaks သတင်းတွေနဲ့ ဓါတ်ပုံတွေက ဆက်တိုက်ကိုထွက်ရှိလာနေပါတယ်။

အခုလည်း Google ကိုယ်တိုင်ကနေ Apple iPhone Event ပြုလုပ်နေတဲ့အချိန်မှာ Switch to Pixel ဆိုပြီး Pixel ဖုန်းတွေကို ဘာကြောင့် ပြောင်းသုံးရမလဲဆိုတဲ့ Ads Campaign ကို YouTube မှာ စပြီးတင်ထားခဲ့ပါတယ်။ အခု Switch to Pixel Campaign Video တွေဟာ လောလောဆယ်မှာတော့ ၄ ခုအထိရှိနေပြီးတော့ Video တစ်ခုကို စက္ကန့် ၃၀ ခန့်ကြာမြင့်တာဖြစ်ပါတယ်။

ဒီ Switch to Pixel Video တွေက အသုံးပြုသူတွေကနေ Pixel ဖုန်းကို Assistant ၊ Fast Charging ၊ Camera တွေကြောင့် ပြောင်းသုံးတဲ့အကြောင်းကို Portrait ပုံစံ Video နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ Video တွေမှာပါဝင်တဲ့သူတွေဟာ တကယ်ပြောင်းသုံးတဲ့သူတွေဖြစ်ပြီးတော့ သူတို့ရဲ့ Opinion အတွက် ပိုက်ဆံပေးထားတယ်ဆိုတာကိုလည်း စာတန်းထိုးထားခဲ့ပါတယ်။

Google ဟာ ယခင်တုန်းကလည်း “Unswitchables” ဆိုပြီး ဆက်တိုက် iPhone ကနေ Pixel ဖုန်းကို ပြောင်းသုံးတဲ့ Ads Campaign တွေကို ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပြီးတော့ အခုလည်း Switch to Pixel Campaign ကို စတင်နေတဲ့အတွက် Google အနေနဲ့ Pixel 4 ဖုန်းအတွက် စတင်ပြီးတော့ Marketing တွေလုပ်တော့မယ့် ပုံစံပါပဲ။

Ref – 9to5Google