Google ဟာ Virtual Reality Platform တစ်ခုဖြစ်တဲ့ Daydream VR ကို ယခင်တုန်းက အာရုံစိုက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ Update ပြုလုပ်ပေးခြင်းမရှိတော့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကိုယ်တိုင်ကနေ Daydream VR ကို Support ပြုလုပ်ခြင်းမရှိတော့ဘူးလို့ တရားဝင် ပြောကြားလိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို Google Support Website Page ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Daydream App ကို Google ကနေ Support ပြုလုပ်ခြင်းမရှိတော့သလို Android 11 နဲ့နောက်ပိုင်း စမတ်ဖုန်းတွေမှာလည်း ကောင်းစွာအသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် ယခင်တုန်းက Daydream App ကို အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေအနေနဲ့လည်း Android 11 Update ရရှိတာနဲ့ ဆက်ပြီးအသုံးပြုနိုင်မှာမဟုတ်တော့ပါဘူး။

Google ဟာ Daydream Support ကို ကိုယ်ပိုင် Pixel 2 Series နဲ့ Pixel 3 Series ဖုန်းတွေအထိပဲ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကထွက်ရှိခဲ့တဲ့ Pixel 4 Series ဖုန်းတွေကစတင်ပြီး Daydream App ကို ဖြုတ်ခဲ့တာဖြစ်ပြီး App အတွက် Support ကိုလည်း တဖြည်းဖြည်းရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

Google တင်မဟုတ်ဘဲ Samsung နဲ့ Xiaomi လိုမျိုးကုမ္ပဏီတွေကလည်း ယခင်တုန်းက VR Headset တွေကို ထုတ်လုပ်ခဲ့ဖူးပေမယ့် လောလောဆယ်မှာတော့ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် VR Headset အနေနဲ့ Facebook ရဲ့ Standalone Oculus Quest 2 ပဲရှိမှာဖြစ်ပါတယ်။

Ref – Gizmo China