Unicode

Android ရဲ့ Official Twitter Account ဟာ ပုံမှန်အားဖြင့် Android OS ရဲ့ Version Update အကြောင်းတွေ၊ Feature အသစ်တွေနဲ့ Product တွေအကြောင်းကိုပဲ မျှဝေတာဖြစ်ပါတယ်။ ဒါပေမယ့် Google ကနေ Android Official Twitter Account ကနေတစ်ဆင့် Tech Support ပေးသွားတော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။

ဒီကြေညာချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့တုန်းက Android Official Twitter Account ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ကိုယ့်ရဲ့ Android Device နဲ့ပတ်သတ်ပြီး မေးမြန်းချင်တာရှိတယ်ဆိုရင် “#AndroidHelp” ဆိုတဲ့ Hashtag တစ်ခုကို ထည့်သွင်းပြီး Tweet ပြုလုပ်ရမှာပါ။

Android OS Support ကနေ Reddit မှာ ပြောကြားချက်ရတော့ အခု “#AndroidHelp” Hashtag နဲ့ မေးမြန်းတဲ့အကူအညီတွေထဲက General Troubleshooting ၊ Security ၊ Identity ၊ Authentication ၊ Accessibility အပါအဝင် ယေဘုယျ Android OS နဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Xiaomi MIUI နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ၊ Samsung UI နဲ့ သက်ဆိုင်တဲ့ကိစ္စတွေလိုမျိုး Device ပေါ်မှုတည်တဲ့ ပြဿနာတွေကိုတော့ မေးမြန်းနိုင်မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ယခင်တုန်းက Google ကနေ ဒီလိုမျိုး ကိုယ်တိုင် Tech Support ပေးတာက Google Pixel စမတ်ဖုန်းတွေမှာသာ Setting ထဲကနေတစ်ဆင့် ပြုလုပ်နိုင်တဲ့ Feature တစ်ခုဖြစ်ပြီး အခုလိုမျိုး Twitter ကနေတစ်ဆင့်မေးမြန်းနိုင်တာက အားရဖို့ကောင်းတဲ့ တိုးတက်မှုတစ်ခုလို့ ပြောရမှာပါ။

Ref – Android Authority

Zawgyi

Android ရဲ႕ Official Twitter Account ဟာ ပုံမွန္အားျဖင့္ Android OS ရဲ႕ Version Update အေၾကာင္းေတြ၊ Feature အသစ္ေတြနဲ႔ Product ေတြအေၾကာင္းကိုပဲ မွ်ေဝတာျဖစ္ပါတယ္။ ဒါေပမယ့္ Google ကေန Android Official Twitter Account ကေနတစ္ဆင့္ Tech Support ေပးသြားေတာ့မယ္ဆိုၿပီး ေၾကညာလိုက္ပါၿပီ။

ဒီေၾကညာခ်က္ကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက္ေန႔တုန္းက Android Official Twitter Account ကေန ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ တကယ္လို႔ ကိုယ့္ရဲ႕ Android Device နဲ႔ပတ္သတ္ၿပီး ေမးျမန္းခ်င္တာရွိတယ္ဆိုရင္ “#AndroidHelp” ဆိုတဲ့ Hashtag တစ္ခုကို ထည့္သြင္းၿပီး Tweet ျပဳလုပ္ရမွာပါ။

Android OS Support ကေန Reddit မွာ ေျပာၾကားခ်က္ရေတာ့ အခု “#AndroidHelp” Hashtag နဲ႔ ေမးျမန္းတဲ့အကူအညီေတြထဲက General Troubleshooting ၊ Security ၊ Identity ၊ Authentication ၊ Accessibility အပါအဝင္ ေယဘုယ် Android OS နဲ႔ သက္ဆိုင္တဲ့ကိစၥရပ္ေတြကို ေျဖရွင္းေပးသြားမယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ Xiaomi MIUI နဲ႔ သက္ဆိုင္တဲ့ ျပႆနာေတြ၊ Samsung UI နဲ႔ သက္ဆိုင္တဲ့ကိစၥေတြလိုမ်ိဳး Device ေပၚမႈတည္တဲ့ ျပႆနာေတြကိုေတာ့ ေမးျမန္းႏိုင္မွာမဟုတ္ပါဘူး။

ဘာပဲျဖစ္ျဖစ္ ယခင္တုန္းက Google ကေန ဒီလိုမ်ိဳး ကိုယ္တိုင္ Tech Support ေပးတာက Google Pixel စမတ္ဖုန္းေတြမွာသာ Setting ထဲကေနတစ္ဆင့္ ျပဳလုပ္ႏိုင္တဲ့ Feature တစ္ခုျဖစ္ၿပီး အခုလိုမ်ိဳး Twitter ကေနတစ္ဆင့္ေမးျမန္းႏိုင္တာက အားရဖို႔ေကာင္းတဲ့ တိုးတက္မႈတစ္ခုလို႔ ေျပာရမွာပါ။

Ref – Android Authority