Google Lens ဟာ အခုဆိုရင် Android အပြင် iOS Device တွေမှာပါ အသုံးပြုသူများပြားနေတဲ့ Application တစ်ခုဖြစ်ပါတယ်။ Google Lens ကို အသုံးပြုပြီး တူညီတဲ့ ပစ္စည်းတွေကို ရှာဖွေနိုင်တာတင်မဟုတ်ဘဲ Translate ပြုလုပ်ဖို့၊ QR Code Scan ဖတ်ဖို့နဲ့ သင်္ချာပုစ္ဆာတွေကိုပါ ဖြေရှင်းနိုင်တဲ့အထိကို စွမ်းဆောင်ရည်မြင့်မားနေပါပြီ။

အခုလည်း Google ကနေ Android အတွက် Google Lens ကို အသုံးဝင်တဲ့ Feature Update တစ်ခုကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါက Google Lens ရဲ့ အသုံးအများဆုံး Feature တစ်ခုဖြစ်တဲ့ Translation Feature ကို Offline အနေနဲ့ အသုံးပြုခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Offline Translate ပြုလုပ်နိုင်ဖို့အတွက်ကတော့ Translate Filter ကို ဖွင့်ပြီး Google Lens အောက်မှာရှိတဲ့ “Pairing” ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ့်အနေနဲ့ Offline Download ရယူထားချင်တဲ့ Language ကိုရွေးချယ်ပြီး Download ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလိုမျိုး Download ပြုလုပ်ပြီးရင်တော့ အဆိုပါ Language ကို Google Lens ကနေ Offline Translation စတင်ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Google ဟာ အလားတူ Feature ကို Google Translate App မှာလည်း “Instant Camera ” နာမည်နဲ့ ထည့်သွင်းထားပါသေးတယ်။ Google Lens App မှာတော့ Offline Translation အသုံးပြုနိုင်ပြီဆိုပေမယ့်လည်း တချို့သော စကားလုံးတွေအတွက်ကတော့ ဘာသာမပြန်နိုင်တာမျိုးရှိနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်ကျရင်တော့ Internet ကို ပြန်လည်ချိတ်ဆက်ပေးဖို့လိုအပ်မှာပါ။

အခုလိုမျိုး Google Lens မှာ Offline Translation Feature ကို အသုံးပြုနိုင်ဖို့အတွက်ကတော့ Google App ကို Latest Version Update လုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – 9to5Google