Zawgyi

Android စက္ႏွင္စနစ္ရဲ႕ အဓိကကုိင္တြယ္ရတဲ့ အစိတ္အပုိင္းတစ္ခုက မတူကြဲျပားမႈျဖစ္ပါတယ္။ ဖုန္းထုတ္လုပ္သူေျမာက္မ်ားစြာက ထုတ္လုပ္ထားတဲ့ မတူညီတဲ့ ဟန္းဆက္ေပါင္းစုံမွာ ေနာက္ဆုံးထြက္ Android OS ကုိ အသုံးျပဳရႏုိင္ဖို႔က အေရးပါတဲ့ ကိစၥတစ္ခုျဖစ္ေပမယ့္ ဖုန္းထုတ္လုပ္သူတုိင္းက ထုတ္ကုန္တုိင္းအတြက္ ပုံမွန္ေလး ျပဳလုပ္ေပးဖို႔ေတာ့ ပ်က္ကြက္တတ္ၾကပါတယ္။

Google ဟာ ဒီျပႆနာအတြက္ ၂၀၁၇ ခုႏွစ္က Android Oreo ကုိမိတ္ဆက္ခ်ိန္မွာ Project Treble ကိုပါ ခ်ျပခဲ့ၿပီး ကုမၸဏီေတြအတြက္ သူတုိ႔ရဲ႕ထုတ္ကုန္ေတြမွာ Android အသစ္ကို ထည့္သြင္းရတာ ပုိအဆင္ေျပေေအာင္ ဖန္တီးခဲ့ပါတယ္။

Google ရဲ႕ဘေလာ့ဂ္မွ ပုိစ့္အသစ္တစ္ခုမွာ Android OS ေတြရဲ႕ သုံးစြဲမႈႏႈန္းကို ေဖာ္ျပလာခဲ့ၿပီး အဆုိပါ ေဖာ္ျပခ်က္အရ Android 9 Pie ဟာ ထြက္ရွိၿပီးတစ္ႏွစ္အတြင္း သုံးစြဲခံရမႈ အျမင့္ဆုံးျဖစ္ေနကာ လက္ရွိမွာ Android အသုံးျပဳထားတဲ့ စက္အားလုံးရဲ႕ 22.6% ေပၚမွာ Android 9 Pie OS ကုိ သုံးစြဲေနၾကပါတယ္။

Oreo ကေန Pie ကုိ အကူးအေျပာင္းကာလမွ ပ်မ္းမွ်ၾကန္႔ၾကာခ်ိန္က ၃ လအထိ တုိးတက္လာတယ္လို႔ Google က ေၾကညာခဲ့ၿပီး အခုလာမယ့္ Android 10 မွာေတာ့ ဒီထက္ေတာင္ ျမန္ဆန္လာဖို႔ ေမွ်ာ္မွန္းေနပါတယ္။ လက္ရွိမွာ Essential, Xiaomi, OnePlus တုိ႔လို ကုမၸဏီေတြဟာ Android 10 အသုံးျပဳလာမယ့္ စက္ပစၥည္းေတြကို မိတ္ဆက္ထားၿပီးျဖစ္ကာ က်န္တဲ့ထုတ္လုပ္သူေတြလည္း သူတုိ႔ေျခရာကိုလိုက္ၿပီး ၂၀၁၉ ခုႏွစ္မတုိင္ခင္ Android 10 ကို မ်ားမ်ားျမန္ျမန္ကူးေျပာင္းၾကဖို႔ Google က ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ယေန႔ Google ရဲ႕ေျပာၾကားခ်က္အရေတာ့ ထုတ္လုပ္သူေတြထဲက Asus, LG, Motorola, OPPO, Realme, Samsung, Sharp, Sony, Trassion, Vivo တုိ႔ဟာ ၂၀၁၉ ႏွစ္မကုန္ခင္မွာ သူတုိ႔ရဲ႕ ထုတ္ကုန္ေတြကို Android 10 နဲ႔ထုတ္လုပ္မယ္ သုိ႔မဟုတ္ Update ထုတ္ေပးသြားမယ္ လို႔ ကတိေပးထားေၾကာင္း သိရပါတယ္။

ဒါဟာ Android OS ေရွ႕ဆက္ရာမွာ ႀကီးမားတဲ့အေထာက္အကူျဖစ္လာမွာျဖစ္ၿပီး လာမယ့္ ဗားရွင္းအသစ္ေတြမွာလည္း ဆက္ၿပီးထိန္းသိမ္းထားႏုိင္ဖို႔ လိုအပ္ပါတယ္။ ေစ်းကြက္ထဲက ေမဂ်ာထုတ္လုပ္သူ တစ္ဦးျဖစ္ေပမယ့္ OS အသစ္ကူးေျပာင္းရာမွာ အနည္းငယ္အခ်ိန္ယူတတ္တဲ့ Samsung တုိ႔လို ကုမၸဏီေတြပါ ပါဝင္လာတာဟာ ႀကိဳဆုိရမယ့္ ေျခလွမ္းတစ္ခုျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Android စက်နှင်စနစ်ရဲ့ အဓိကကိုင်တွယ်ရတဲ့ အစိတ်အပိုင်းတစ်ခုက မတူကွဲပြားမှုဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်သူမြောက်များစွာက ထုတ်လုပ်ထားတဲ့ မတူညီတဲ့ ဟန်းဆက်ပေါင်းစုံမှာ နောက်ဆုံးထွက် Android OS ကို အသုံးပြုရနိုင်ဖို့က အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် ဖုန်းထုတ်လုပ်သူတိုင်းက ထုတ်ကုန်တိုင်းအတွက် ပုံမှန်လေး ပြုလုပ်ပေးဖို့တော့ ပျက်ကွက်တတ်ကြပါတယ်။

Google ဟာ ဒီပြဿနာအတွက် ၂၀၁၇ ခုနှစ်က Android Oreo ကိုမိတ်ဆက်ချိန်မှာ Project Treble ကိုပါ ချပြခဲ့ပြီး ကုမ္ပဏီတွေအတွက် သူတို့ရဲ့ထုတ်ကုန်တွေမှာ Android အသစ်ကို ထည့်သွင်းရတာ ပိုအဆင်ပြေေအောင် ဖန်တီးခဲ့ပါတယ်။

Google ရဲ့ဘလော့ဂ်မှ ပိုစ့်အသစ်တစ်ခုမှာ Android OS တွေရဲ့ သုံးစွဲမှုနှုန်းကို ဖော်ပြလာခဲ့ပြီး အဆိုပါ ဖော်ပြချက်အရ Android 9 Pie ဟာ ထွက်ရှိပြီးတစ်နှစ်အတွင်း သုံးစွဲခံရမှု အမြင့်ဆုံးဖြစ်နေကာ လက်ရှိမှာ Android အသုံးပြုထားတဲ့ စက်အားလုံးရဲ့ 22.6% ပေါ်မှာ Android 9 Pie OS ကို သုံးစွဲနေကြပါတယ်။

Oreo ကနေ Pie ကို အကူးအပြောင်းကာလမှ ပျမ်းမျှကြန့်ကြာချိန်က ၃ လအထိ တိုးတက်လာတယ်လို့ Google က ကြေညာခဲ့ပြီး အခုလာမယ့် Android 10 မှာတော့ ဒီထက်တောင် မြန်ဆန်လာဖို့ မျှော်မှန်းနေပါတယ်။ လက်ရှိမှာ Essential, Xiaomi, OnePlus တို့လို ကုမ္ပဏီတွေဟာ Android 10 အသုံးပြုလာမယ့် စက်ပစ္စည်းတွေကို မိတ်ဆက်ထားပြီးဖြစ်ကာ ကျန်တဲ့ထုတ်လုပ်သူတွေလည်း သူတို့ခြေရာကိုလိုက်ပြီး ၂၀၁၉ ခုနှစ်မတိုင်ခင် Android 10 ကို များများမြန်မြန်ကူးပြောင်းကြဖို့ Google က မျှော်လင့်နေတာဖြစ်ပါတယ်။

ယနေ့ Google ရဲ့ပြောကြားချက်အရတော့ ထုတ်လုပ်သူတွေထဲက Asus, LG, Motorola, OPPO, Realme, Samsung, Sharp, Sony, Trassion, Vivo တို့ဟာ ၂၀၁၉ နှစ်မကုန်ခင်မှာ သူတို့ရဲ့ ထုတ်ကုန်တွေကို Android 10 နဲ့ထုတ်လုပ်မယ် သို့မဟုတ် Update ထုတ်ပေးသွားမယ် လို့ ကတိပေးထားကြောင်း သိရပါတယ်။

ဒါဟာ Android OS ရှေ့ဆက်ရာမှာ ကြီးမားတဲ့အထောက်အကူဖြစ်လာမှာဖြစ်ပြီး လာမယ့် ဗားရှင်းအသစ်တွေမှာလည်း ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဈေးကွက်ထဲက မေဂျာထုတ်လုပ်သူ တစ်ဦးဖြစ်ပေမယ့် OS အသစ်ကူးပြောင်းရာမှာ အနည်းငယ်အချိန်ယူတတ်တဲ့ Samsung တို့လို ကုမ္ပဏီတွေပါ ပါဝင်လာတာဟာ ကြိုဆိုရမယ့် ခြေလှမ်းတစ်ခုဖြစ်ပါတယ်။

Ref – GSM Arena