[Zawgyi]

Google Maps ရဲ႕အသုံးဝင္မႈကို ဒီေန႔ေခတ္စမတ္ဖုန္းသုံးၾကတဲ့လူအေတာ္မ်ားမ်ား သိၾကမယ္ထင္ပါတယ္။ ကိုယ္မသိတဲ့ ေနရာတစ္ေနရာကို သြားတဲ့အခါ ဟိုအရင္ေခတ္တုန္းကေတာ့ ပါးစပ္ပါ႐ြာေရာက္ ဆိုတဲ့စကားအတိုင္း လမ္းမွာေတြ႕တဲ့သူေတြကို ေမးျမန္းၿပီး တစ္လမ္းဝင္၊ တစ္လမ္းထြက္နဲ႔ သြားခဲ့ၾကရတာပါ။

အခုေတာ့ ကိုယ္သြားခ်င္တဲ့ေနရာကို လိပ္စာေလးထည့္ၿပီး Google Maps မွာရွာ၊ ၿပီးေတာ့ အတိုဆုံးလမ္းေၾကာင္းကေန လမ္းမမွားဘဲ အလြယ္တကူသြားႏိုင္ၾကၿပီျဖစ္ပါတယ္။ ဒီလိုမ်ိဳး တန္ဖိုးရွိတဲ့ ေထာက္ပံ့မႈေတြ လုပ္ေပးေနတဲ့ Google ဟာ သူတို႔ရဲ႕ Google Maps မွာ AR (Augmented Reality) Navigation ကို ထပ္ၿပီးေထာက္ပံ့ေပးေနၿပီ ျဖစ္ပါတယ္။

AR လမ္းေၾကာင္းၫႊန္စနစ္ဟာ GPS အျပင္ VPS (Visual Positioning System) ကိုပါ အသုံးျပဳထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Maps ေပၚမွာျပေနတဲ့ လမ္းၫႊန္အမွတ္အသားေနာက္ကိုလိုက္သြားတဲ့ေနရာမွာ ဘယ္ဘက္ကိုေကြ႕ရမလဲ ဆိုတဲ့ ျပႆနာအတြက္ ပိုၿပီး လြယ္ကူရွင္းလင္းတဲ့ ကူညီမႈကို ရသြားမွာ ျဖစ္ပါတယ္။

AR လမ္းေၾကာင္းၫႊန္စနစ္သုံးမယ္ဆိုရင္ ဖုန္းရဲ႕ကင္မရာကေနတစ္ဆင့္ အသုံးျပဳသူေရာက္ရွိေနတဲ့ေနရာကို ဖမ္းယူၿပီး Google Maps ရဲ႕ လမ္းၫႊန္မႈနဲ႔ေပါင္းစပ္လို႔ အမွန္တကယ္ ဘယ္ဘက္ကို ေကြ႕ရမယ္ဆိုတာ ဖုန္းမ်က္ႏွာျပင္မွာ ျပသသြားမွာ ျဖစ္ပါတယ္။ ဒီနည္းပညာကို ၿပီးခဲ့တဲ့ Google I/O 2018 မွာ မိတ္ဆက္ရွင္းလင္းသြားခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အသုံးျပဳသူအခ်ိဳ႕ဆီမွာ စမ္းသပ္သုံးစြဲႏိုင္ေအာင္လို႔ ထုတ္လႊတ္ေပးေနၿပီလို႔ သိရပါတယ္။

စမ္းသပ္သုံးစြဲလို႔ရတဲ့သူေတြဆီမွာေတာ့ Google Maps ရဲ႕ Directions ေနရာေဘးမွာ Start AR ကို ေတြ႕ျမင္ရလိမ့္မယ္လို႔ သိရပါတယ္။ ဒီ AR လမ္းေၾကာင္းၫႊန္စနစ္ သုံးလို႔ရမယ့္ေနရာေတြက ဘယ္ေလာက္ထိ က်ယ္က်ယ္ျပန႔္ျပန႔္ရွိေနၿပီလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။

Ref: GSMArena

[Unicode]

AR Navigation စတင်စမ်းသပ်နေတဲ့ Google Maps

Google Maps ရဲ့အသုံးဝင်မှုကို ဒီနေ့ခေတ်စမတ်ဖုန်းသုံးကြတဲ့လူအတော်များများ သိကြမယ်ထင်ပါတယ်။ ကိုယ်မသိတဲ့ နေရာတစ်နေရာကို သွားတဲ့အခါ ဟိုအရင်ခေတ်တုန်းကတော့ ပါးစပ်ပါရွာရောက် ဆိုတဲ့စကားအတိုင်း လမ်းမှာတွေ့တဲ့သူတွေကို မေးမြန်းပြီး တစ်လမ်းဝင်၊ တစ်လမ်းထွက်နဲ့ သွားခဲ့ကြရတာပါ။

အခုတော့ ကိုယ်သွားချင်တဲ့နေရာကို လိပ်စာလေးထည့်ပြီး Google Maps မှာရှာ၊ ပြီးတော့ အတိုဆုံးလမ်းကြောင်းကနေ လမ်းမမှားဘဲ အလွယ်တကူသွားနိုင်ကြပြီဖြစ်ပါတယ်။ ဒီလိုမျိုး တန်ဖိုးရှိတဲ့ ထောက်ပံ့မှုတွေ လုပ်ပေးနေတဲ့ Google ဟာ သူတို့ရဲ့ Google Maps မှာ AR (Augmented Reality) Navigation ကို ထပ်ပြီးထောက်ပံ့ပေးနေပြီ ဖြစ်ပါတယ်။

AR လမ်းကြောင်းညွှန်စနစ်ဟာ GPS အပြင် VPS (Visual Positioning System) ကိုပါ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Maps ပေါ်မှာပြနေတဲ့ လမ်းညွှန်အမှတ်အသားနောက်ကိုလိုက်သွားတဲ့နေရာမှာ ဘယ်ဘက်ကိုကွေ့ရမလဲ ဆိုတဲ့ ပြဿနာအတွက် ပိုပြီး လွယ်ကူရှင်းလင်းတဲ့ ကူညီမှုကို ရသွားမှာ ဖြစ်ပါတယ်။

AR လမ်းကြောင်းညွှန်စနစ်သုံးမယ်ဆိုရင် ဖုန်းရဲ့ကင်မရာကနေတစ်ဆင့် အသုံးပြုသူရောက်ရှိနေတဲ့နေရာကို ဖမ်းယူပြီး Google Maps ရဲ့ လမ်းညွှန်မှုနဲ့ပေါင်းစပ်လို့ အမှန်တကယ် ဘယ်ဘက်ကို ကွေ့ရမယ်ဆိုတာ ဖုန်းမျက်နှာပြင်မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို ပြီးခဲ့တဲ့ Google I/O 2018 မှာ မိတ်ဆက်ရှင်းလင်းသွားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ အသုံးပြုသူအချို့ဆီမှာ စမ်းသပ်သုံးစွဲနိုင်အောင်လို့ ထုတ်လွှတ်ပေးနေပြီလို့ သိရပါတယ်။

စမ်းသပ်သုံးစွဲလို့ရတဲ့သူတွေဆီမှာတော့ Google Maps ရဲ့ Directions နေရာဘေးမှာ Start AR ကို တွေ့မြင်ရလိမ့်မယ်လို့ သိရပါတယ်။ ဒီ AR လမ်းကြောင်းညွှန်စနစ် သုံးလို့ရမယ့်နေရာတွေက ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Ref: GSMArena