[Zawgyi]

ေဖေဖာ္ဝါရီလဆန္းပိုင္းေလာက္က Google ဟာ Google Maps မွာ AR (Augmented Reality) Navigation ကို စတင္ၿပီးေထာက္ပံ့ေပးခဲ့ပါတယ္။ AR လမ္းၫႊန္စနစ္ဟာ GPS အျပင္ VPS (Visual Positioning System) ကိုပါအသုံးျပဳထားတဲ့ စနစ္ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီေနာက္ပိုင္းမွာ Google Pixel ဖုန္းေတြမွာ စမ္းသပ္သုံးစြဲခြင့္အခ်ိဳ႕ ေပးခဲ့ေပမယ့္ က်ယ္ျပန႔္ျခင္းေတာ့ မရွိခဲ့ပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ Google ဟာ AR Walking Directions ကို iOS နဲ႔ Android ေတြမွာ အသုံးျပဳလို႔ရေအာင္ ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ဒီတစ္ေခါက္ ထုတ္လႊတ္မႈက အေတာ္ေလးကို က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္လာၿပီလို႔ ဆိုရမွာပါ။

AR Walking Directions ဟာ ဖုန္းရဲ႕ ကင္မရာကေနတစ္ဆင့္ ေရာက္ရွိေနတဲ့ေနရာကို ဖမ္းယူၿပီး Google Maps နဲ႔ေပါင္းစပ္ၿပီး ျပင္ပျမင္ကြင္းအတိုင္း ျမင္ေတြ႕ရတဲ့လမ္းၫႊန္မႈကို ရယူႏိုင္တာ ျဖစ္ပါတယ္။ အသုံးျပဳသူအေနနဲ႔ သြားရမယ့္ေနရာကို ခ်မွတ္ထားၿပီးရင္ လမ္းၫႊန္ျမားကျပတဲ့အတိုင္း ဆက္သြား႐ုံပဲျဖစ္တဲ့အျပင္ ျပင္ပျမင္ကြင္းနဲ႔ပါ တူညီေနတာေၾကာင့္ ပိုၿပီးရွင္းလင္းလြယ္ကူမႈ ရွိပါတယ္။

Google Maps Live View beta ကို ARCore ေထာက္ပံ့မႈရွိတဲ့ စမတ္ဖုန္း၊ ဒါမွမဟုတ္ ARKit ေထာက္ပံ့မႈရွိတဲ့ iPhones ေတြမွာအသုံးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။ Android ဆိုရင္ေတာ့ 7.0 နဲ႔အထက္ ျဖစ္ဖို႔လိုအပ္ၿပီး iOS ဆိုရင္ေတာ့ iOS 11.0 နဲ႔အထက္ ျဖစ္ဖို႔ လိုအပ္ပါတယ္။ ARCore နဲ႔ ARKit ေထာက္ပံ့မႈရရွိနဲ႔တဲ့ စမတ္ဖုန္းေတြကိုေတာ့ ဒီေနရာမွာ ရွာေဖြၾကည့္ရႈႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

Google Maps AR walking directions ကို iOS နဲ့ Android တွေမှာ သုံးနိုင်ပြီ

ဖေဖော်ဝါရီလဆန်းပိုင်းလောက်က Google ဟာ Google Maps မှာ AR (Augmented Reality) Navigation ကို စတင်ပြီးထောက်ပံ့ပေးခဲ့ပါတယ်။ AR လမ်းညွှန်စနစ်ဟာ GPS အပြင် VPS (Visual Positioning Syste) ကိုပါအသုံးပြုထားတဲ့ စနစ်ဖြစ်ပါတယ်။

ဖေဖော်ဝါရီနောက်ပိုင်းမှာ Google Pixel ဖုန်းတွေမှာ စမ်းသပ်သုံးစွဲခွင့်အချို့ ပေးခဲ့ပေမယ့် ကျယ်ပြန့်ခြင်းတော့ မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ Google ဟာ AR Walking Directions ကို iOS နဲ့ Android တွေမှာ အသုံးပြုလို့ရအောင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ထုတ်လွှတ်မှုက အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီလို့ ဆိုရမှာပါ။

AR Walking Directions ဟာ ဖုန်းရဲ့ ကင်မရာကနေတစ်ဆင့် ရောက်ရှိနေတဲ့နေရာကို ဖမ်းယူပြီး Google Maps နဲ့ပေါင်းစပ်ပြီး ပြင်ပမြင်ကွင်းအတိုင်း မြင်တွေ့ရတဲ့လမ်းညွှန်မှုကို ရယူနိုင်တာ ဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ သွားရမယ့်နေရာကို ချမှတ်ထားပြီးရင် လမ်းညွှန်မြားကပြတဲ့အတိုင်း ဆက်သွားရုံပဲဖြစ်တဲ့အပြင် ပြင်ပမြင်ကွင်းနဲ့ပါ တူညီနေတာကြောင့် ပိုပြီးရှင်းလင်းလွယ်ကူမှု ရှိပါတယ်။

Google Maps Live View beta ကို ARCore ထောက်ပံ့မှုရှိတဲ့ စမတ်ဖုန်း၊ ဒါမှမဟုတ် ARKit ထောက်ပံ့မှုရှိတဲ့ iPhones တွေမှာအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Android ဆိုရင်တော့ 7.0 နဲ့အထက် ဖြစ်ဖို့လိုအပ်ပြီး iOS ဆိုရင်တော့ iOS 11.0 နဲ့အထက် ဖြစ်ဖို့ လိုအပ်ပါတယ်။ ARCore နဲ့ ARKit ထောက်ပံ့မှုရရှိနဲ့တဲ့ စမတ်ဖုန်းတွေကိုတော့ ဒီနေရာမှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

Ref: GSM Arena