Google ဟာ သူ့ရဲ့ Maps ဝန်ဆောင်မှုမှာ အားလပ်ရက်တွေအတွက် အထူးလုပ်ဆောင်ချက်သစ်တစ်ခု ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ I/O 2021 မှာ မိတ်ဆက်ခဲ့တဲ့ Busyness feature ကို လာမဲ့ ခရစ္စမတ်အားလပ်ရက်အတွက် အချိန်မီထည့်သွင်းပေးမှာဖြစ်ပြီး ခရစ္စမတ်ဈေးတွေ၊ ပွဲလမ်းသဘင်တွေနဲ့ ပလာဇာတွေအတွက် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

လမ်းညွှန်မှုဟာ လေဆိပ်တွေ၊ ကုန်တိုက်တွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုစတင်ချိန်မှာ ပိုမိုလွယ်ကူလာစေမယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ အချို့မြို့တွေမှာ သတ်မှတ်ထားတဲ့စားသောက်ဆိုင်တွေရဲ့ ဈေးနှုန်းတွေကိုလည်း ဖော်ပြပေးမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့သတင်းအချက်အလက်တွေကို ပိုပြီးရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။

Busyness feature ဟာ ရင်ပြင်တွေအတွက်လည်း အလုပ်လုပ်ပါလိမ့်မယ်။ ပြတိုက်တွေနဲ့ အခြားလူကြိုက်များတဲ့ စိတ်ဝင်စားစရာနေရာတွေအတွက်လည်း ဝန်ဆောင်ပေးမယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ကို လာမဲ့အားလပ်ရက်အမီ တစ်ကမ္ဘာလုံးကသုံးစွဲသူတွေဆီ ဖြန့်ချိသွားမယ်လို့ Google ကပြောထားတာကြောင့် Android နဲ့ iOS က Google Maps အသုံးပြုသူတွေဟာ မကြာခင်မှာ Update တစ်ခု ရလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီလမ်းညွှန်လုပ်ဆောင်ချက်ဟာ အချိန်မကုန်စေသလို၊ စိတ်ဖိစီးခြင်း၊ စိတ်ရှုပ်ခြင်းကိုလည်း သက်သာစေနိုင်တာကြောင့် အသုံးဝင်တဲ့လုပ်ဆောင်ချက်လို့ ဆိုနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ လူထူထပ်ရှုပ်ထွေးလွန်းတဲ့အားလပ်ရက်တွေအတွက်တော့ ပိုပြီးတော့အသုံးဝင် အထောက်အကူပြုစေမဲ့ လုပ်ဆောင်ချက်တွေဆိုတာ ဘယ်သူမှငြင်းပယ်နိုင်မှာမဟုတ်ပါဘူး။

Ref: GSM Arena