Smartwatch တွေဟာ လက်ရှိအချိန်မှာ LTE Connectivity အပြင် GPS လိုမျိုး Feature တွေပါဝင်လာတယ်ဆိုပေမယ့် တကယ်တမ်းအဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဖို့အတွက် စမတ်ဖုန်းနဲ့ ချိတ်ဆက်ဖို့လိုအပ်နေပါသေးတယ်။ ဒါကြောင့် Smartwatch သီးသန့်အသုံးပြုနိုင်တဲ့ Feature တွေဟာ လက်ရှိအချိန်အထိ အကန့်အသတ်ရှိနေသေးတယ်လို့ ပြောနိုင်ပါတယ်။

အခုသိရတဲ့သတင်းအရ Google ကနေ Smartwatch တွေအတွက် ထုတ်ပေးထားတဲ့ Operating System ဖြစ်တဲ့ Wear OS အတွက် အရေးပါတဲ့ Feaure Update တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Wear OS သုံး Smartwatch တွေမှာ Google Maps ကို သီးသန့်အသုံးပြုခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

ဒါကြောင့် Wear OS ကိုအသုံးပြုထားတဲ့ Smartwatch တွေဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားစရာမလိုအပ်ဘဲ Google Maps ရဲ့ Turn-by-Turn Navigation ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Offline Navigation ကို အသုံးပြုနိုင်ဦးမှာမဟုတ်တဲ့အတွက် Internet Connection ရှိနေဖို့လိုအပ်ဦးမှာပါ။

အခုလို Internet ကို ချိတ်ဆက်ဖို့လိုအပ်နေသေးတာကြောင့် LTE Support ပြုလုပ်တဲ့ Smartwatch တွေမှာပဲ အခု Feature ကို ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Offline Navigation Feature ကိုပါ Smartwatch တွေမှာ အသုံးပြုနိုင်ရင် ပိုပြီး အသုံးဝင်လာနိုင်ပါတယ်။

Ref – GSM Arena