Google Maps က သင့်ကို လတ်ဆတ်တဲ့ လေကိုပဲ ရှူရှိုက်စေနိုင်အောင် ကူညီပေးတော့မှာ ဖြစ်ပြီး Android နဲ့ iOS အတွက် အမေရိကန်မှာ လေထု အရည်အသွေး Layer အသစ် ၁ ခုကို မိတ်ဆက်လိုက်ပါတယ်။ သင့် ပတ်ဝန်းကျင်က လေထုဟာ မီးခိုးများနေလား၊ ညံ့လား၊ ကောင်းလား ဆိုတာကို ပြသပေးမှာ ဖြစ်ပါတယ်။

Google Maps now shows the air quality around you

Google Maps က လေထု အရည်အသွေးကို ကြည့်ပြီး အပြင်ထွက်သင့်သလားဆိုတာကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ AQI သို့မဟုတ် Air Quality Index Number တွေနဲ့ Outdoor Activity တွေအတွက် လမ်းညွှန်ချက်တွေကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် အသေးစိတ်ကို လေ့လာနိုင်ဖို့ Learn More Link တွေကိုပါ ထည့်သွင်းပေးထားပါတယ်။

Google Maps now shows the air quality around you

အမေရိကန်က Environmental Protection Agency (EPA) အပါအဝင် ယုံကြည်ရတဲ့ အစိုးရ အေဂျင်စီတွေဆီက ဒေတာတွေကို ရယူထားတာ ဖြစ်ပြီး PurpleAir ရဲ့ လေထု အရည်အသွေး သတင်းအချက်အလက်တွေလည်း ပါပါတယ်။ သင့် Map မှာ လေထု အရည်အသွေး Layer ကို ထည့်သွင်းချင်ရင် ညာဘက်အပေါ်ထောင့်က ခလုတ်ကို နှိပ်ပြီး Air Quality ကို ရွေးချယ်ပေးရမှာပါ။ PurpleAir ရဲ့ သတင်းအချက်အလက်တွေကို  Nest Display နဲ့ စပီကာတွေမှာလည်း ပြသထားပါတယ်။

တောမီးလောင်တဲ့ ရာသီ နီးလာပြီ ဖြစ်တဲ့ အမေရိကန်အတွက် တောမီး Layer ကိုလည်း Google Maps မှာ ထည့်သွင်းပေးလိုက်ပါတယ်။ Google ဟာ National Interagency Fire Center (NIFC) နဲ့ ပူးပေါင်းထားပြီး လက်ရှိ မီးလောင်နေတဲ့ ဧရိယာတွေကို ပြသပေးပါတယ်။ တောမီးလောင်တာကို သိချင်ရင် “Wildfires near me” လို့ ရှာနိုင်ပါတယ်။

Ref : gsmarena