Google Maps ဟာ အမြန်ဆုံး သွားနိုင်တဲ့ လမ်းကြောင်းတွေနဲ့ တခြား အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးရာမှာ အရမ်းကို အစွမ်းထက်တဲ့ Tool ၁ ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Software တိုင်းမှာ အားနည်းချက်တွေ ရှိတတ်ကြပါတယ်။ မကြာခင်ကပဲ နှင်းမုန်တိုင်းကျနေတဲ့ အမေရိကန်က တည်နေရာတွေကို Google Maps က လမ်းညွှန်ပေးခဲ့တဲ့ အမှားအယွင်း ၁ ခုကို User ၁ ယောက် ဖြစ်တဲ့ Crystal A. Kolden က တွေ့ရှိခဲ့ပါတယ်။ သူက Sacramento, California နဲ့ Reno, Nevada အကြားကို လမ်းညွှန်ပေးနေတဲ့ Google Maps ကို Screenshot နဲ့အတူ တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။

Google Maps Dark Mode

Kolden က ဒါဟာ Google Maps ရဲ့ ကြီးကြီးမားမား အမှား ဖြစ်ပြီး အရမ်းကို ဆိုးရွားတဲ့ တောလမ်းကြောင်းကို ညွှန်ပြပေးနေတာလို့ ပြောပါတယ်။ အဲဒီ လမ်းအတိုင်းသွားရင် အသက်ဆုံးရှုံးနိုင်တယ်လို့တောင်သူက ပြောပါတယ်။ Google Maps လမ်းညွှန်မှုကြောင့် အဲဒီလမ်းအတိုင်း သွားရင်း အန္တရာယ် ကြုံသွားတဲ့ ဖြစ်ရပ်တော့ မရှိသေးပေမယ့် စိုးရိမ်စရာကောင်းပါတယ်။

Google Maps to introduce new features | Google Maps to introduce new  features MediaBeast

Google Maps ဟာ Tahoe အမျိုးသား ဥယျာဉ်ကို ဖြတ်သွားရပြီး လမ်းတော်တော်ကျဉ်းတဲ့ Marysville လမ်းကို ညွှန်ပြပေးခဲ့တာပါ။ နောက်ထပ် တွစ်တာ အသုံးပြုသူ ၁ ယောက်ကလည်း Google Maps ရဲ့ Android Version မှာ လမ်းပိတ်ထားတာကို မဖော်ပြထားဘူးလို့ ပြောပါတယ်။

ကံကောင်းတာက U.S. Forest Service အပါအဝင် ဒေသခံအာဏာပိုင်တွေဟာ နှင်းမုန်တိုင်းကျနေတဲ့ အဲဒီ တည်နေရာတွေကို မသွားဖို့ သတိပေးထားပါတယ်။ National Weather Service ကလည်း Lake Tahoe မှာ နှင်းတွေ ၅ ပေကနေ ၉ ပေအထိ ထူထပ်နေတယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က သတိပေးထားခဲ့ပါတယ်။

Ref : gizmochina