Google Maps ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးနဲ့ အသုံးပြုသူအများဆုံး Maps Service တစ်ခုဆိုရင်လည်းမမှားပါဘူး။ အခုလည်း Google ကနေ Maps မှာ အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးသွားတော့မှာပါ။ ဒါကတော့ လမ်းဆုံတွေမှာ မီးပွိုင့်တွေကိုပါ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

Google ကနေလည်း US မှာရှိတဲ့တချို့သောမြို့ကြီးတွေမှာ စတင်စမ်းသပ်နေတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Google Maps မှာ ပုံမှန်လမ်းနဲ့ ယာဥ်ကြောပိတ်မပိတ်အပြင် မီးပွိုင့်ရှိမရှိကိုပါ သိရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ Android OS မှာပဲ အဆိုပါ Feature ကိုအသုံးပြုနိုင်ဦးမယ်လို့ သိရပါတယ်။

ဒါက Google Maps ကနေ အရင်ဆုံးထည့်သွင်းထားတဲ့ Feature တစ်ခုတော့မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်တုန်းက Apple ကနေ iOS 13 နဲ့အတူ Apple Maps မှာ မီးပွိုင့်တွေကိုပါ ထည့်သွင်းပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လက်ရှိ Google Maps မှာရရှိသေးခြင်းမရှိသေးတဲ့ Navigation မှာပါ Siri ကနေ အဆိုပါ မီးပွိုင့်တွေကို ထည့်သွင်းပြီး လမ်းညွှန်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

Google ဟာ လောလောဆယ်မှာတော့ US မှာရှိတဲ့ New York ၊ San Francisco ၊ Los Angeles နဲ့ Chicago လိုမျိုး မြို့ကြီးတွေမှာ ယခု Feature ကို စမ်းသပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ US နိုင်ငံအတွင်းက တခြားသော မြို့ကြီးတွေအပြင် တကမ္ဘာလုံးအတွက်ပါ တိုးချဲ့သွားဖို့လည်း ရှိနေတဲ့အတွက် Google Maps က ပိုပြီးကို Feature ပိုင်းစုံလင်လာတော့မှာဖြစ်ပါတယ်။

Ref – The Verge