[Zawgyi]

ကမာၻ႔မ်က္မျမင္ ပေပ်ာက္ေရးေန႔ ျဖစ္တဲ့ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ Google ဟာ သူတို႔ရဲ႕ Google Map ကို အေရးပါတဲ့ အဆင့္ျမႇင့္တင္မႈ တစ္ခုျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ Google Map မွာ အသံနဲ႔ အေသးစိတ္လမ္းၫႊန္စနစ္ကို ထည့္သြင္းၿပီး အဆင့္ျမႇင့္တင္လိုက္တာပဲ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး အသံနဲ႔ အေသးစိတ္လမ္းၫႊန္မႈဟာ အျမင္အာ႐ုံအားနည္းတာ၊ ဒါမွမဟုတ္၊ အျမင္အာ႐ုံခ်ိဳ႕တဲ့သူေတြအတြက္ အလြန္ကိုအသုံးဝင္ၿပီး အကူအညီျဖစ္တဲ့ လုပ္ေဆာင္ခ်က္ပဲ ျဖစ္ပါတယ္။ ကမာၻတစ္ဝန္းမွာ (အျမင္အာ႐ုံကြယ္ေပ်ာက္သူ) မ်က္ျမင္ေပါင္း ၃၆ သန္းရွိၿပီး အျမင္အာ႐ုံ အလြန္အမင္းအားနည္းသူေပါင္း (အျမင္အာ႐ုံခ်ိဳ႕တဲ့သူ) ၂၁၇ သန္းရွိေၾကာင္း သိရပါတယ္။

ဒီလုပ္ေဆာင္ခ်က္ဟာ အျမင္အာ႐ုံခ်ိဳ႕တဲ့သူေတြအတြက္ အထူးတည္ေဆာက္ထားတာျဖစ္ၿပီး Google Map ရဲ႕ ယခင္ရွိၿပီးသား လုပ္ေဆာင္ခ်က္ေတြကတစ္ဆင့္ အသြင္ေျပာင္းလာျခင္း မဟုတ္ဘူးလို႔ Google က သူ႔ရဲ႕ ေၾကညာခ်က္ထဲမွာ ထည့္သြင္းေဖာ္ျပထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလုပ္ေဆာင္ခ်က္ဟာ အျမင္အာ႐ုံေကာင္းမြန္သူေတြအတြက္လည္း Map ကို ၾကည့္ေနစရာမလိုဘဲ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Google Map ရဲ႕ အသံနဲ႔အေသးစိတ္လမ္းၫႊန္မႈလုပ္ေဆာင္ခ်က္ကို Android ေရာ iOS မွာပါ ရယူသုံးစြဲႏိုင္မွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီအသံလမ္းၫႊန္စနစ္ကို အေမရိကန္မွာ အဂၤလိပ္ဘာသာစကား၊ ဂ်ပန္မွာ ဂ်ပန္ဘာသာစကားနဲ႔ပဲ ရရွိဦးမွာ ျဖစ္ပါတယ္။ အနာဂတ္မွာေတာ့ အျခားႏိုင္ငံေတြနဲ႔ အျခားဘာသာစကားေတြကို ထပ္မံေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

အသေးစိတ် အသံလမ်းညွှန်စနစ်ထည့်သွင်း လိုက်တဲ့ Google Map

ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ Google ဟာ သူတို့ရဲ့ Google Map ကို အရေးပါတဲ့ အဆင့်မြှင့်တင်မှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ Google Map မှာ အသံနဲ့ အသေးစိတ်လမ်းညွှန်စနစ်ကို ထည့်သွင်းပြီး အဆင့်မြှင့်တင်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အသံနဲ့ အသေးစိတ်လမ်းညွှန်မှုဟာ အမြင်အာရုံအားနည်းတာ၊ ဒါမှမဟုတ်၊ အမြင်အာရုံချို့တဲ့သူတွေအတွက် အလွန်ကိုအသုံးဝင်ပြီး အကူအညီဖြစ်တဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ (အမြင်အာရုံကွယ်ပျောက်သူ) မျက်မြင်ပေါင်း ၃၆ သန်းရှိပြီး အမြင်အာရုံ အလွန်အမင်းအားနည်းသူပေါင်း (အမြင်အာရုံချို့တဲ့သူ) ၂၁၇ သန်းရှိကြောင်း သိရပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အမြင်အာရုံချို့တဲ့သူတွေအတွက် အထူးတည်ဆောက်ထားတာဖြစ်ပြီး Google Map ရဲ့ ယခင်ရှိပြီးသား လုပ်ဆောင်ချက်တွေကတစ်ဆင့် အသွင်ပြောင်းလာခြင်း မဟုတ်ဘူးလို့ Google က သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလုပ်ဆောင်ချက်ဟာ အမြင်အာရုံကောင်းမွန်သူတွေအတွက်လည်း Map ကို ကြည့်နေစရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google Map ရဲ့ အသံနဲ့အသေးစိတ်လမ်းညွှန်မှုလုပ်ဆောင်ချက်ကို Android ရော iOS မှာပါ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီအသံလမ်းညွှန်စနစ်ကို အမေရိကန်မှာ အင်္ဂလိပ်ဘာသာစကား၊ ဂျပန်မှာ ဂျပန်ဘာသာစကားနဲ့ပဲ ရရှိဦးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ အခြားနိုင်ငံတွေနဲ့ အခြားဘာသာစကားတွေကို ထပ်မံထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

Ref: Phone Arena