Google Meet ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက COVID-19 ကြောင့် လူအသုံးပြုမှုများပြားခဲ့တဲ့ Video Conferencing Service တစ်ခုဖြစ်ပါတယ်။ အခုအချိန်အထိလည်း Zoom နဲ့ Microsoft Teams တွေထက်တောင် ပိုပြီးအောင်မြင်နေတယ်လို့ ပြောနိုင်ပြီးတော့ အသုံးပြုသူတွေအများအပြားရှိနေဆဲဖြစ်ပါတယ်။

အဲ့ဒီအတွက် Google ကနေ အသုံးပြုသူတွေပိုပြီး လွယ်ကူစေဖို့အတွက် Google Meet ကို ကွန်ပျူတာကနေ အသုံးပြုမယ်ဆိုရင် Web Browser ကိုအသုံးပြုမယ့်အစား Progressive Web App (PWA) အနေနဲ့ အသုံးပြုနိုင်အောင် Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Meet ကို တခြားသော Application တွေအတွက် App တစ်ခုအနေနဲ့ Taskbar မှာ Dock ပြုလုပ်ထားနိုင်သလို Launcher Access ကိုလည်း ရရှိမှာဖြစ်ပါတယ်။

အခုလိုမျိုး Google Meet ကို Browser Web Page အစား App တစ်ခုအနေနဲ့ အသုံးပြုနိုင်တာက ပိုပြီးလွယ်ကူစေမှာဖြစ်သလို Tab အနေနဲ့မဟုတ်တော့တဲ့အတွက် တခြား App တွေနဲ့ Side-by-Side အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ Web App တစ်ခုဖြစ်တဲ့အတွက် Feature ပိုင်းမှာလည်း Website နဲ့ဆင်တူမှာဖြစ်ပြီး “New Meeting” အတွက် Meeting Code ခေါ်ဆိုဖို့နေရာအပြင် Call Option ပါဝင်မှာဖြစ်ပါတယ်။

Google Meet PWA App ကို အသုံးပြုဖို့အတွက်ကတော့ Chrome OS သို့မဟုတ် Chrome Browser အသုံးပြုထားတဲ့ macOS ၊ Linux နဲ့ Windows OS တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Chrome Version အနေနဲ့ 73 နဲ့အထက် ရှိဖို့လိုအပ်မှာဖြစ်ပြီး Google Workspace Account တွေတင်မဟုတ်ဘဲ Personal Google Account တွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – 9to5Google