Unicode

Apple ရဲ့ AirDrop File Transfer Service ကို ယှဥ်ပြိုင်ဖို့အတွက် အခုအချိန်မှာ Android စမတ်ဖုန်းထုတ်လုပ်သူတွေအများအပြားက ဆက်တိုက်ကို ကိုယ်ပိုင် File Transfer Feature အသစ်တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Samsung ၊ OPPO ၊ Vivo နဲ့ Xiaomi လို ကုမ္ပဏီတွေအပြင် Google ကိုယ်တိုင်လည်း ပါဝင်နေပါတယ်။

အခုအချိန်မှာတော့ Google ရဲ့ Android 11 မှာ တရားဝင်ပါဝင်လာနိုင်တယ်လို့ ယူဆရတဲ့ Quick Sharing Feature ရဲ့ အလုပ်လုပ်ပုံ Video တစ်ခုထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီ Video ကိုတော့ XDA Developers ကနေ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဒီ Video အရတော့ Google ရဲ့ Nearby Sharing ဟာ လက်ရှိအချိန်မှာ Error ကြီးကြီးမားမားမရှိဘဲ ကောင်းကောင်းအလုပ်လုပ်တာကိုတွေ့ပြီးတော့ ဓါတ်ပုံတွေကို Transfer ပြုလုပ်တာကလည်း အလွန်လျှင်မြန်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် Pixel 2 XL ၊ Pixel 4 နဲ့ OnePlus 7T Pro ဖုန်းတွေမှာ စမ်းသပ်ပြသွားတဲ့အတွက် Google Pixel ဖုန်းတွေပဲ အသုံးပြုနိုင်မှာမဟုတ်ဘဲ Google Play Service ပါဝင်တဲ့ စမတ်ဖုန်းတိုင်းမှာ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

Google အနေနဲ့ အခု Nearby Sharing Feature ကို နောက်ပိုင်းမှာ Chrome OS Device တွေနဲ့ပါ File Transfer ပြုလုပ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်သလို Apple AirDrop လိုမျိုးပဲ ကိုယ့် Device ကို ရှာမတွေ့အောင် Hidden Mode ပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Google ကသာ ကိုယ်တိုင် Play Service ရရှိတဲ့ Device တိုင်းမှာ ဒီ Nearby Sharing Service ကို အသုံးပြုနိုင်မယ်ဆိုရင် တခြားသော Samsung ၊ OPPO ၊ Vivo နဲ့ Xiaomi တို့ရဲ့ ကိုယ်ပိုင် File Transfer Feature တွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပါ။

Ref – Phone Arena

Zawgyi

Apple ရဲ႕ AirDrop File Transfer Service ကို ယွဥ္ၿပိဳင္ဖို႔အတြက္ အခုအခ်ိန္မွာ Android စမတ္ဖုန္းထုတ္လုပ္သူေတြအမ်ားအျပားက ဆက္တိုက္ကို ကိုယ္ပိုင္ File Transfer Feature အသစ္ေတြကို ထုတ္လုပ္ေနတာျဖစ္ပါတယ္။ အဲ့ဒီထဲမွာ Samsung အျပင္ OPPO ၊ Vivo နဲ႔ Xiaomi လို ကုမၸဏီေတြအျပင္ Google ကိုယ္တိုင္လည္း ပါဝင္ေနပါတယ္။

အခုအခ်ိန္မွာေတာ့ Google ရဲ႕ Android 11 မွာ တရားဝင္ပါဝင္လာႏိုင္တယ္လို႔ ယူဆရတဲ့ Quick Sharing Feature ရဲ႕ အလုပ္လုပ္ပုံ Video တစ္ခုထြက္ေပၚလာၿပီျဖစ္ပါတယ္။ ဒီ Video ကိုေတာ့ XDA Developers ကေန ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။

ဒီ Video အရေတာ့ Google ရဲ႕ Nearby Sharing ဟာ လက္ရွိအခ်ိန္မွာ Error ႀကီးႀကီးမားမားမရွိဘဲ ေကာင္းေကာင္းအလုပ္လုပ္တာကိုေတြ႕ၿပီးေတာ့ ဓါတ္ပုံေတြကို Transfer ျပဳလုပ္တာကလည္း အလြန္လွ်င္ျမန္တာကိုေတြ႕ရပါတယ္။ ဒါ့အျပင္ Pixel 2 XL ၊ Pixel 4 နဲ႔ OnePlus 7T Pro ဖုန္းေတြမွာ စမ္းသပ္ျပသြားတဲ့အတြက္ Google Pixel ဖုန္းေတြပဲ အသုံးျပဳႏိုင္မွာမဟုတ္ဘဲ Google Play Service ပါဝင္တဲ့ စမတ္ဖုန္းတိုင္းမွာ အသုံးျပဳလာႏိုင္ဖြယ္ရွိေနပါတယ္။

Google အေနနဲ႔ အခု Nearby Sharing Feature ကို ေနာက္ပိုင္းမွာ Chrome OS Device ေတြနဲ႔ပါ File Transfer ျပဳလုပ္ႏိုင္ေအာင္ ေဆာင္႐ြက္သြားမွာျဖစ္သလို Apple AirDrop လိုမ်ိဳးပဲ ကိုယ့္ Device ကို ရွာမေတြ႕ေအာင္ Hidden Mode ျပဳလုပ္ထားႏိုင္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Google ကသာ ကိုယ္တိုင္ Play Service ရရွိတဲ့ Device တိုင္းမွာ ဒီ Nearby Sharing Service ကို အသုံးျပဳႏိုင္မယ္ဆိုရင္ တျခားေသာ Samsung ၊ OPPO ၊ Vivo နဲ႔ Xiaomi တို႔ရဲ႕ ကိုယ္ပိုင္ File Transfer Feature ေတြ ဘယ္လိုျဖစ္သြားမလဲဆိုတာကို ဆက္ၿပီး ေစာင့္ၾကည့္ရမွာပါ။

Ref – Phone Arena