Android ဖုန်းတွေအတွက် Google Play Store မှာ ဓါတ်ပုံ Edit ပြုလုပ်နိုင်တဲ့ App တွေမျိုးစုံရှိနေပါတယ်။ လက်ရှိမှာ လူသုံးအများဆုံးဖြစ်နေတဲ့ Photo Editing App ဖြစ်တဲ့ Snapseed ကို ထုတ်လုပ်ထားတဲ့ Google ကလည်း အခုလူသိပ်မသိတဲ့ App တစ်ခုမှာ အလန်းစား Feature တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။

ဒါကတော့ Google ရဲ့ Art & Culture App မှာ ကိုယ်ရိုက်ကူးထားတဲ့ဓါတ်ပုံတွေကို နာမည်ကြီး ပန်းချီကားတွေပုံစံမျိုး ပြောင်းလဲဖန်တီးနိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Google ကတော့ အဆိုပါ Feature ကို “Art Transfer” လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

ဒီ Feature ကို အသုံးပြုချင်တဲ့ဆိုရင် App မှာရှိတဲ့ အောက်ဖက်က Camera Menu ကို နှိပ်ပြီး ကိုယ့်ရဲ့ ဓါတ်ပုံတွေကို ရွေးချယ်ပြီး ဘယ်လိုမျိုး ပန်းချီကားတွေရဲ့ ပုံစံမျိုး ပြင်ဆင်ချင်သလဲဆိုတာကို ရွေးချယ်လိုက်ရုံပါပဲ။ ဓါတ်ပုံအကုန်လုံးအပြင် ဓါတ်ပုံထဲမှာရှိတဲ့ အစိတ်အပိုင်းကိုပါ ရွေးချယ်ပြီး Edit ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Google ရဲ့ ယခု Art & Culture App ဟာဆိုရင် UK ရဲ့ Nation Gallery ၊ Japan ရဲ့ MOA Museum of Art အပါအဝင်တခြားသော ယဥ်ကျေးမှုတက္ကသိုလ်တွေနဲ့ပူးပေါင်းထားတဲ့ Google AI ကို အခြေခံထားတာဖြစ်ပါတယ်။ အဆိုပါ Google AI ကနေ Van Gogh ၊ Frida Kahlo ၊ Edvard Munch ၊ Leonardo da Vinci နဲ့ တခြားပန်းချီဆရာတွေအများအပြားရဲ့ ပုံစံကို ပြောင်းလဲပေးနိုင်မှာပါ။

Ref – XDA-Developers