ပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ Google I/O  2018 Conference မှာ Google က သူ့ရဲ့ သတင်း App တစ်ခုဖြစ်လာမယ့် Google News ကို မိတ်ဆက်သွားပါတယ်။ အရင်ရှိပြီးသား Google Play Newsstand App နဲ့ လုံးဝ မတူတော့တဲ့အပြင် ပိုထူးခြားပြီး သာသွားတဲ့ အချက်ကတော့ AI-powered ကြောင့်ပါ။

Source : AndroidAuthority

အရင် Google Newsstand App က အသုံးမဝင် သလောက် အခု Google News ကတော့ တော်တော်လေး အဆင်ပြေပါတယ်။ ဒီ Google News App ဟာဆိုရင် သင်ဖတ်ချင်တဲ့သတင်းမျိုး၊ သင်စိတ်ဝင်စားမယ့် သတင်မျိုး တွေကိုပဲ သင့်ကို ပြပေးမှာပါ။ တစ်နည်းအားဖြင့်တော့ AI က သင်စိတ်ဝင်စားမယ်ထင်တဲ့ သတင်းမျိုးတွေကို ပဲ ရွေးပြီး ပြပေးနေမှာပါ။

Source: 9to5Google

App ကို သုံးပြီဆိုတာနဲ့ App က မတူညီတဲ့ သတင်းတွေကို အမျိုးအစားအလိုက် ပြပေးထားပါတယ်။ သင်က သင်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ကို ရွေးပြီး ဖတ်ရုံပါပဲ။ ခြုံပြောရရင်တော့ Google News က သုံးရလွယ်ပြီး အသုံးလည်း ဝင်တဲ့ App တစ်ခုပါ။ ဒါကြောင့် Google Fan တွေသာမက တခြား သူတွေလည်း သုံးကြည့်ရင် စိတ်ပျက်မှာ မဟုတ်ပါဘူး။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Google Play Store မှာ Download လုပ်ပြီး သုံးလို့ရနေပါပြီ။