Zawgyi

Google ကေန ၿပီးခဲ့တဲ့ႏွစ္ေမလတုန္းက ျပဳလုပ္ခဲ့တဲ့ Google I/O 2018 မွာ Android 9 Pie မွာ ပါဝင္လာမယ့္ Feature အသစ္တစ္ခုကို မိတ္ဆက္သြားခဲ့ပါတယ္။ ဒါကေတာ့ Device အသုံးျပဳမႈကို ကိုယ္တိုင္ျပန္ၿပီး ၾကည့္ႏိုင္သလို အခ်ိန္ Limit ျပဳလုပ္ထားႏိုင္တဲ့ Digital Wellbeing Feature ပဲျဖစ္ပါတယ္။

Google က ၿပီးခဲ့တဲ့ႏွစ္ထဲကေန အဆိုပါ Digital Wellbeing Feature ကို Pixel စမတ္ဖုန္းေတြမွာ စတင္ထည့္သြင္းေပးခဲ့သလို တျခားေသာ Android Device ေတြကလည္း အခုေနာက္ပိုင္းမွာ လိုက္ၿပီး ထည့္သြင္းလာၾကၿပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုအခ်ိန္အထိ Digital Wellbeing Feature ပါဝင္ျခင္းမရွိေသးတဲ့ Android Device ေတြလည္း အမ်ားႀကီး က်န္ေနေသးပါတယ္၊ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံထုတ္ Mid Range ဖုန္းအမ်ားစုမွာ ပါဝင္ျခင္းမရွိေသးပါဘူး။

ဒီလိုမ်ိဳး Android Device အခ်ိဳ႕မွာ Digital Wellbeing Feature ပါဝင္ျခင္းမရွိတာကို Google အေနနဲ႔ ေက်နပ္ပုံမေပၚေတာ့ပါဘူး။ ဘာေၾကာင့္လည္းဆိုရင္ Google ကေန အခုအခ်ိန္ကစတင္ၿပီးေတာ့ Android Device ေတြမွာ Digital Wellbeing Feature က Optional မဟုတ္ေတာ့ဘဲ မျဖစ္မေနထည့္သြင္းရမယ့္ Feature အေနနဲ႔ သတ္မွတ္လိုက္တာေၾကာင့္ျဖစ္ပါတယ္။

Digital Wellbeing Feature ဟာ iOS 12 မွာ ပါဝင္လာတဲ့ Screen Time Feature နဲ႔ ဆင္တူၿပီးေတာ့ တစ္ေန႔တာ ဖုန္းသုံးတဲ့အခ်ိန္ေတြ၊ Notification ရရွိတဲ့အႀကိမ္ေရ နဲ႔ ဖုန္းကို ဘယ္ႏွႀကိမ္ Unlock ျပဳလုပ္သလဲဆိုတာကို ေဖာ္ျပသြားမွာျဖစ္ၿပီး နာရီနဲ႔ခ်ီၿပီး သုံးေနျဖစ္တဲ့ Application ေတြကိုလည္း App Timer နဲ႔ အခ်ိန္သတ္မွတ္ေပးႏိုင္တဲ့ Feature တစ္ခုျဖစ္ပါတယ္။

အခုေနာက္ဆုံး Android 10 မွာဆိုရင္လည္း Google က Digital Wellbeing Feature အျပင္ Parental Control Feature ကိုပါ ထည့္သြင္းေပးခဲ့ၿပီးေတာ့ မိဘေတြအေနနဲ႔ ကိုယ့္သားသမီးေတြကို ဖုန္းမွာ အသုံးျပဳႏိုင္တဲ့ Apps ေတြနဲ႔ အခ်ိန္သတ္မွတ္ေပးထားႏိုင္ၿပီျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး Google ရဲ႕ ေျပာင္းလဲသတ္မွတ္ခ်က္ဟာ အသစ္ Update ျပဳလုပ္ထားတဲ့ Google Mobile Service Requirement ထဲမွာပါဝင္တာျဖစ္တဲ့အတြက္ Google Apps နဲ႔ Service ေတြကို အသုံးျပဳခ်င္တဲ့ Android ဖုန္းထုတ္လုပ္သူေတြအေနနဲ႔ Digital Wellbeing Feature ကို ထည့္သြင္းေပးရမွာက်ိန္းေသသြားပါၿပီ။

Ref – Phone Arena

Unicode

Google ကနေ ပြီးခဲ့တဲ့နှစ်မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2018 မှာ Android 9 Pie မှာ ပါဝင်လာမယ့် Feature အသစ်တစ်ခုကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါကတော့ Device အသုံးပြုမှုကို ကိုယ်တိုင်ပြန်ပြီး ကြည့်နိုင်သလို အချိန် Limit ပြုလုပ်ထားနိုင်တဲ့ Digital Wellbeing Feature ပဲဖြစ်ပါတယ်။

Google က ပြီးခဲ့တဲ့နှစ်ထဲကနေ အဆိုပါ Digital Wellbeing Feature ကို Pixel စမတ်ဖုန်းတွေမှာ စတင်ထည့်သွင်းပေးခဲ့သလို တခြားသော Android Device တွေကလည်း အခုနောက်ပိုင်းမှာ လိုက်ပြီး ထည့်သွင်းလာကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိ Digital Wellbeing Feature ပါဝင်ခြင်းမရှိသေးတဲ့ Android Device တွေလည်း အများကြီး ကျန်နေသေးပါတယ်၊ အထူးသဖြင့် တရုတ်နိုင်ငံထုတ် Mid Range ဖုန်းအများစုမှာ ပါဝင်ခြင်းမရှိသေးပါဘူး။

ဒီလိုမျိုး Android Device အချို့မှာ Digital Wellbeing Feature ပါဝင်ခြင်းမရှိတာကို Google အနေနဲ့ ကျေနပ်ပုံမပေါ်တော့ပါဘူး။ ဘာကြောင့်လည်းဆိုရင် Google ကနေ အခုအချိန်ကစတင်ပြီးတော့ Android Device တွေမှာ Digital Wellbeing Feature က Optional မဟုတ်တော့ဘဲ မဖြစ်မနေထည့်သွင်းရမယ့် Feature အနေနဲ့ သတ်မှတ်လိုက်တာကြောင့်ဖြစ်ပါတယ်။

Digital Wellbeing Feature ဟာ iOS 12 မှာ ပါဝင်လာတဲ့ Screen Time Feature နဲ့ ဆင်တူပြီးတော့ တစ်နေ့တာ ဖုန်းသုံးတဲ့အချိန်တွေ၊ Notification ရရှိတဲ့အကြိမ်ရေ နဲ့ ဖုန်းကို ဘယ်နှကြိမ် Unlock ပြုလုပ်သလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပြီး နာရီနဲ့ချီပြီး သုံးနေဖြစ်တဲ့ Application တွေကိုလည်း App Timer နဲ့ အချိန်သတ်မှတ်ပေးနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

အခုနောက်ဆုံး Android 10 မှာဆိုရင်လည်း Google က Digital Wellbeing Feature အပြင် Parental Control Feature ကိုပါ ထည့်သွင်းပေးခဲ့ပြီးတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ဖုန်းမှာ အသုံးပြုနိုင်တဲ့ Apps တွေနဲ့ အချိန်သတ်မှတ်ပေးထားနိုင်ပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Google ရဲ့ ပြောင်းလဲသတ်မှတ်ချက်ဟာ အသစ် Update ပြုလုပ်ထားတဲ့ Google Mobile Service Requirement ထဲမှာပါဝင်တာဖြစ်တဲ့အတွက် Google Apps နဲ့ Service တွေကို အသုံးပြုချင်တဲ့ Android ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Digital Wellbeing Feature ကို ထည့်သွင်းပေးရမှာကျိန်းသေသွားပါပြီ။

Ref – Phone Arena