Google ဟာ လက်ရှိအချိန်မှာ ယခင်တုန်းကပြုလုပ်ပေးခဲ့တဲ့ Google Photos မှာ Free Unlimited Storage ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဆီမှာရှိတဲ့ Google Account မှာပါဝင်တဲ့ 15GB နဲ့ မလုံလောက်ဘူးဆိုရင် Storage ကို ထပ်မံဝယ်ယူဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး ဝယ်ယူချင်တဲ့သူတွေအတွက် Google ကနေ Google One ဆိုပြီး Cloud Storage Plan တွေကို မိတ်ဆက်ထားပါတယ်။ အဆိုပါ Google One မှာ အနည်းဆုံး 100GB ကို တစ်လ 1.99$ ကနေ စတင်ပြီး $149.99 တန် 30TB Storage Plan အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ် Google One မှာ ဝယ်ယူနိုင်တဲ့ Storage Plan တွေအနေနဲ့ကတော့ $1.99 (100GB) ၊ $2.99 (200GB) ၊ 2TB ($9.99) ၊ 10TB ($49.99) ၊ 20TB ($99.99) နဲ့ 30TB ($149.99) ဆိုပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ Google ကနေ နောက်ထပ် Storage Plan တစ်ခုကို အသစ်ထပ်မံ ထည့်သွင်းပေးလိုက်ပါပြီ။

ဒါကတော့ တစ်လကို $24.99 ပေးရမယ့် 5TB Storage Plan ပဲဖြစ်ပါတယ်။ အခုလိုမျိုး 5TB Plan ဟာ 2TB နဲ့အထက် 10TB အောက် Hard Drive တွေကနေ Cloud Backup ပြုလုပ်ချင်တဲ့သူတွေအတွက် သင့်တော်မှာဖြစ်ပါတယ်။ တကယ်လို့ ၁ နှစ်စာဝယ်ယူမယ်ဆိုရင်တော့ ၂ လစာ Discount ရရှိမှာဖြစ်ပြီး $249.99 ပဲ ကျသင့်မှာပါ။

Google One ဟာ Cloud Storage တွင်ရရှိတာမဟုတ်ဘဲ Google Store မှာ ဝယ်ယူမှုတွေအတွက် 10% Discount ၊ Family Member ထည့်သွင်းနိုင်မှု၊ 24/7 Google Support နဲ့ တချို့သော Region တွေအတွက် VPN Service ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge