Google က Photos ဝန်ဆောင်မှုမှာ အမိုက်စား လုပ်ဆောင်ချက် အသစ် ၁ ခု ထည့်သွင်းပေးလိုက်ပါတယ်။ Cinematic Photos လို့ နာမည်ပေးထားပြီး သင့် ဓါတ်ပုံ တချို့အတွက် 3D လို Effect ထည့်သွင်းပေးတာဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ Memories Section မှာ အလိုလို အလုပ်လုပ်မှာ ဖြစ်ပြီး သင်ဘာမှ လုပ်စရာ မလိုပါဘူး။ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

ဒီလုပ်ဆောင်ချက်ကြောင့် သင့် Memories က ဓါတ်ပုံတွေဟာ အသက်ဝင်လှပပြီး ကြည်လင်ပြတ်သားလာပါတယ်။ ဓါတ်ပုံရဲ့ Depth ကို ကြိုတင်ခန့်မှန်းကာ 3D ထုတ်လုပ်နိုင်အောင် Machine Learning ကို အသုံးပြုထားတာပါ။ နောက်ဆုံး အဆင့်က ချောမွတ်တဲ့ Panning Effect ရဖို့ Virtual ကင်မရာကို Animate လုပ်တာပါ။ ရုပ်ရှင်တွေထဲကလို 3D ရုပ်ကြွနေမှာ ဖြစ်တဲ့အတွက် Cinematic Photos လို့ နာမည်ပေးထားတာပါ။

Google Photos - How to transfer Google Photos from one account to another

ဒီလုပ်ဆောင်ချက်ကို နောက်လမှာ ကမ္ဘာအဝန်းအတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး ဗီဒီယို အနေနဲ့ Cinematic Photos တွေကို မျှဝေနိုင်မှာပါ။ ဒါ့အပြင် Google Photos မှာ Collage ဒီဇိုင်း အသစ်တချို့ ပါလာပြီး AI ရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းလာပါတယ်။

Memories မှာ သင့်ဘဝအတွက် အရေးအပါဆုံး ၊ အချစ်ခင်ဆုံး သူတွေရဲ့ ဓါတ်ပုံတွေကို ပိုမို ပြသလာနိုင်ပြီး မကြာခင်မှာ သင်နှစ်သက်တဲ့ အရာတွေနဲ့ Activity တွေကိုပါ ပြသပေးနိုင်တော့မှာပါ။ ရည်စားဟောင်းတွေကို မမြင်ချင်ရင်လည်း ဖျောက်ထားနိုင်လာပါတယ်။

Ref : gsmarena