[Zawgyi]

Google ဟာ Gallery Go ကို ျဖန႔္ခ်ိခဲ့ေပမယ့္ Google Photos ကိုလည္း ဒီႏွစ္ထဲမွာ လုပ္ေဆာင္ခ်က္အသစ္ေတြ ထည့္သြင္းလာခဲ့ပါတယ္။ Color Pop နဲ႔ Bokeh အသစ္ေတြ ပါဝင္လာသလို ၿပီးခဲ့တဲ့ ၾသဂုတ္လဆန္းတုန္းကလည္း ပုံထဲကစာသားေတြနဲ႔ ရွာေဖြႏိုင္တဲ့ လုပ္ေဆာင္ခ်က္ကို စတင္အေကာင္အထည္ေဖာ္ေနတယ္လို႔ ၾကားသိခဲ့ရပါတယ္။

အခုလည္း “Memories” လို႔ အမည္ေပးထားတဲ့ လုပ္ေဆာင္ခ်က္တစ္ခုကို ထပ္ၿပီး ထည့္သြင္းေပးလိုက္ျပန္ပါတယ္။ ဓါတ္ပုံေဟာင္း၊ ဗီဒီယိုေဟာင္းေတြကို သူတို႔ရဲ႕ ႏွစ္ပတ္လည္ေန႔မွာ ျပန္လည္ ေဖာ္ထုတ္ေပးတဲ့ ဒီလုပ္ေဆာင္ခ်က္ဟာ အနီးစပ္ဆုံးေျပာရရင္ေတာ့ Instagram Stories နဲ႔ဆင္တူတယ္လို႔ ဆိုရမွာပါ။

Memory feature မွာ ပုံတိုင္း ဗီဒီယိုတိုင္းကို အမွတ္တရအျဖစ္ ျပန္ၿပီးျမင္ေတြ႕ရမွာမဟုတ္ဘဲ အယ္လ္ဂိုရီသမ္က အမွတ္အသားအမ်ိဳးမ်ိဳးေပၚအေျခခံၿပီး ေ႐ြးထုတ္ေပးမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။မန္မိုရီေတြအကုန္လုံးကို အတူတူဖန္တီးထားမွာ မဟုတ္ဘဲ အခ်ိန္ကာလ၊ ဒါမွမဟုတ္ လူပုဂၢိဳလ္ စသျဖင့္ ကန႔္သတ္ၿပီး ဖုံးကြယ္ထားလို႔လည္း ရေၾကာင္း သိရပါတယ္။ ဒါမွမဟုတ္လည္း ဒီလုပ္ေဆာင္ခ်က္ကို ပိတ္ထားလို႔လည္းရမယ္လို႔ ဆိုပါတယ္။

Google Photos ဟာ ဓါတ္ပုံေတြရွာေဖြရာမွာ လူႀကိဳက္မ်ားတဲ့ လုပ္ေဆာင္မႈေတြေထာက္ပံ့ေပးထားၿပီး လူမႈကြန္ရက္က ပို႔စ္အေဟာင္းေတြကို တစ္ေနရာတည္းဆီစုစည္းႏိုင္ဖို႔ အေကာင္းဆုံးကူညီေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ App ကေနတစ္ဆင့္ 4 x 6 အ႐ြယ္ ဓါတ္ပုံေတြကိုလည္း တိုက္႐ိုက္ Print ထုတ္ႏိုင္ၿပီး CVS Pharmacy နဲ႔ Walmart ရွိရာေနရာေပါင္း ၁၁ ၀၀၀ မွာ ရယူႏိုင္တဲ့ ဝန္ေဆာင္မႈလည္း ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Ref: The Verge

[Unicode]

Instagram Stories လိုမျိုး “Memories” လုပ်ဆောင်ချက်ကို Google Photos မှာထည့်သွင်းလာ

Google ဟာ Gallery Go ကို ဖြန့်ချိခဲ့ပေမယ့် Google Photos ကိုလည်း ဒီနှစ်ထဲမှာ လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းလာခဲ့ပါတယ်။ Color Pop နဲ့ Bokeh အသစ်တွေ ပါဝင်လာသလို ပြီးခဲ့တဲ့ သြဂုတ်လဆန်းတုန်းကလည်း ပုံထဲကစာသားတွေနဲ့ ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်ကို စတင်အကောင်အထည်ဖော်နေတယ်လို့ ကြားသိခဲ့ရပါတယ်။

အခုလည်း “Memories” လို အမည်ပေးထားတဲ့ လုပ်ဆောင်ချက်တစ်ခုကို ထပ်ပြီး ထည့်သွင်းပေးလိုက်ပြန်ပါတယ်။ ဓါတ်ပုံဟောင်း၊ ဗီဒီယိုဟောင်းတွေကို သူတို့ရဲ့ နှစ်ပတ်လည်နေ့မှာ ပြန်လည် ဖော်ထုတ်ပေးတဲ့ ဒီလုပ်ဆောင်ချက်ဟာ အနီးစပ်ဆုံးပြောရရင်တော့ Instagram Stories နဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။

Memory feature မှာ ပုံတိုင်း ဗီဒီယိုတိုင်းကို အမှတ်တရအဖြစ် ပြန်ပြီးမြင်တွေ့ရမှာမဟုတ်ဘဲ အယ်လ်ဂိုရီသမ်က အမှတ်အသားအမျိုးမျိုးပေါ်အခြေခံပြီး ရွေးထုတ်ပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။မန်မိုရီတွေအကုန်လုံးကို အတူတူဖန်တီးထားမှာ မဟုတ်ဘဲ အချိန်ကာလ၊ ဒါမှမဟုတ် လူပုဂ္ဂိုလ် စသဖြင့် ကန့်သတ်ပြီး ဖုံးကွယ်ထားလို့လည်း ရကြောင်း သိရပါတယ်။ ဒါမှမဟုတ်လည်း ဒီလုပ်ဆောင်ချက်ကို ပိတ်ထားလို့လည်းရမယ်လို့ ဆိုပါတယ်။

Google Photos ဟာ ဓါတ်ပုံတွေရှာဖွေရာမှာ လူကြိုက်များတဲ့ လုပ်ဆောင်မှုတွေထောက်ပံ့ပေးထားပြီး လူမှုကွန်ရက်က ပို့စ်အဟောင်းတွေကို တစ်နေရာတည်းဆီစုစည်းနိုင်ဖို့ အကောင်းဆုံးကူညီနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် App ကနေတစ်ဆင့် 4 x 6 အရွယ် ဓါတ်ပုံတွေကိုလည်း တိုက်ရိုက် Print ထုတ်နိုင်ပြီး CVS Pharmacy နဲ့ Walmart ရှိရာနေရာပေါင်း ၁၁ ၀၀၀ မှာ ရယူနိုင်တဲ့ ဝန်ဆောင်မှုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Ref: The Verge