Google Photos App ဟာ လာမယ့်လပိုင်းအတွင်း Free Unlimited Backup ကို ဝန်ဆောင်မှုပေးသွားတော့မှာမဟုတ်ပေမယ့် အသုံးပြုသူတွေများပြားတဲ့ Photos App တစ်ခုဖြစ်ပါတယ်။ အခုလည်း Google Photos ကို Tablet တွေမှာ အသုံးပြုသူတွေအတွက် Update အသစ်ကို မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

ဒါကတော့ Android Tablet တွေအတွက် Google Photos App UI ကို ပိုပြီး အသုံးပြုရတာလွယ်ကူအောင် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်တုန်းကလိုမျိုး စမတ်ဖုန်း App UI ကိုပဲ Screen Size အကြီးမှာမြင်တွေ့ရမယ့်အစား Tablet အတွက် သီးသန့်ပြုလုပ်ထားတဲ့ UI အသစ်ကို မြင်တွေ့ရမှာပါ။

အဓိကပြောင်းလဲမှုတွေအနေနဲ့ကတော့ Library ၊ Sharing ၊ Archive နဲ့ တခြားသော Tab တွေကို ဘေးဘက်မှာ မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ဓါတ်ပုံတွေကို Manual Upload ပြုလုပ်နိုင်မယ့် “Upload” Button လည်းပါဝင်မှာဖြစ်ပါတယ်။ Album တွေ၊ Categories တွေကိုတော့ Explore Tab မှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး Tablet အတွက် UI ပြောင်းလဲမှုတွေကို Google Photos Version 5.25 မှာ စတင်ပါဝင်လာတာဖြစ်ပြီး iOS Version အတွက်ကတော့ အခုအချိန်အထိ Update ထွက်ရှိသေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Google Photos ကို Tablet နဲ့အသုံးပြုနေတဲ့သူတွေအတွက်တော့ ယခု Update က အသုံးပြုရတာကိုပိုအဆင်ပြေသွားစေမှာပါ။

Ref – 9to5Google