Google Photos ဟာ လက်ရှိအချိန်မှာ Photos Album Service နဲ့ Application တွေမှာ အကောင်းဆုံးလို့တောင်ပြောနိုင်ပါတယ်။ ဒါကလည်း အသုံးပြုရတာလွယ်ကူတဲ့အပြင် High Quality Unlimited Backup အသုံးပြုနိုင်တာ၊ Android ၊ iOS နဲ့ Website တွေမှာပါ တူညီတဲ့ Experience နဲ့အသုံးပြုနိုင်တာကြောင့်ဖြစ်ပါတယ်။

အခုလည်း Google ကနေ ထွက်ရှိတာ အချိန် ၅ နှစ်ကျော်ရှိသွားတဲ့ ဒီ Google Photos ကို Icon Design အသစ်အပြင် Feature အသစ်တွေကိုပါထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

အရင်ဆုံး Logo အနေနဲ့ကတေ့ာ ပိုပြီး လုံးဝန်းသွားအောင်ပြုလုပ်လိုက်ပြီးတော့ ပုံစံကိုတော့ ယခင် Google Photos မှာ အသုံးပြုထားတဲ့ပုံစံနဲ့ အရောင်တွေကိုပဲ ဆက်လက်အသုံးပြုထားတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် အရမ်းကြီးတော့ ပြောင်းလဲသွားတာမျိုးမဟုတ်ပါဘူး။

ဒါပေမယ့် App ထဲဝင်ရောက်လိုက်မယ်ဆိုရင်တော့ Photos ၊ Search နဲ့ Library ဆိုပြီး အဓိက Section ၃ ခုကိုတွေ့မြင်ရမှာဖြစ်ပြီး ပုံမှန် ဘယ်ဘက်မှာပါဝင်နေကြ Hamberger Menu က ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ဓါတ်ပုံတွေကိုလည်း Maps View နဲ့ ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။

နောက်ထပ်လည်း အသေးစိတ်ပြောင်းလဲမှုတွေဖြစ်တဲ့ Movies ၊ Collages နဲ့ Animation တွေပြုလုပ်ပေးတာတွေ၊ Stylized Photos တွေကိုလည်း လက်ရှိ For You Tab ကနေ Memories Section အောက်ကိုပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google ရဲ့ ပြောကြားချက်အရတော့ ယခု Google Photos ပြောင်းလဲမှုဟာ Android အပြင် iOS Version မှာပါ လာမယ့်ရက်သတ္တပတ်အတွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China