Google Photos ဟာ လက်ရှိ Mobile Device တွေအတွက်ရော Web Version အတွက်ပါ အကောင်းဆုံး Photos Service တစ်ခုလို့ပြောနိုင်ပါတယ်။ အခုလည်း Google ကနေ Google Photos အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Feature Update တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

ယခု Update ဟာ ဓါတ်ပုံတွေကို Share ပြုလုပ်မယ်ဆိုရင် မြင်တွေ့ရတဲ့ Share Menu ကို ပြင်ဆင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ယခင်တုန်းက ကိုယ် Share ချင်တဲ့ App ကို ရောက်တဲ့အထိ ဘေးတိုက် Scrolling ပြုလုပ်ပြီး ရှာဖွေနေရတာက ယခု Update မှာတော့ ပြုလုပ်စရာမလိုတော့ပါဘူး။

အဲ့ဒီအစား Share Menu အသစ်မှာ နောက်ဆုံး Share ဖူးတဲ့ Google Photos Contact သို့မဟုတ် Group တွေကို ဖော်ပြသွားမှာဖြစ်ပြီး အောက်ဖက်မှာတော့ Create Link Option နဲ့ အသုံးအများဆုံး App ၂ ခုကို ဖော်ပြသွားမှာပါ။ ကျန်တဲ့ App တွေကို အသုံးပြုပြီး Share ပြုလုပ်မယ်ဆိုရင်လည်း More ကို နှိပ်ပြီးတော့ Share ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Google ဟာ ယခင်တုန်းထဲက အခု Share Menu အသစ်ကို အသုံးပြုသူတချို့အတွက် စမ်းသပ်ထုတ်ပေးထားတာဖြစ်ပြီး အခုအချိန်မှာတော့ အသုံးပြုသူအကုန်လုံးအတွက် ရရှိလာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Google Photos အသုံးပြုသူတွေအတွက်ကတော့ ဓါတ်ပုံတွေ Share ပြုလုပ်ရတာ ပိုပြီးလွယ်ကူသွားစေမှာပါ။

Ref – 9to5Google