Google ဝန်ထမ်း ၁ ယောက်က Google Photos App ဟာ Messaging App တွေက မီဒီယာတွေကို အလိုလို Backup & Sync လုပ်တာကို ပိတ်လိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။ ကိုဗစ် ၁၉ ကြောင့် လူတော်တော်များများ အိမ်ကနေ အလုပ်လုပ်နေကြပြီး Messaging App တွေကနေ မီဒီယာတွေ မျှဝေတာ အရမ်းများလာတဲ့အတွက် Google က Bandwidth သက်သာအောင် ဒီလိုလုပ်တာပါ။ ဒီအကြောင်းကို Google Photos App ကနေ User တွေကို အသိပေးမှာပါ။

ဒါပေမယ့် Messaging App တွေအတွက် Backup & Sync လုပ်ဖို့ Option ကို သင်က ရွေးချယ်နိုင်ပါတယ်။ XDA Developers ရဲ့ စုံစမ်းချက်အရ ပိတ်ပင်တဲ့ Messaging App တွေထဲမှာ Facebook, Helo, Instagram, LINE, Messages, Messenger, Snapchat, Twitter, Viber နဲ့ WhatsApp တို့ ပါပါတယ်။

ကိုဗစ် ၁၉ စတင်ကတည်းက Netflix, Disney+, YouTube နဲ့ TikTok တို့ကလည်း အလားတူ Bandwidth သက်သာအောင် ပြုလုပ်နေကြပြီး Streaming Quality ကို လျှော့ချထားကြပါတယ်။ Google က အခုလိုလုပ်တာ နောက်တောင်ကျနေပါတယ်။

Google ဟာ မကြာခင်ကပဲ Google Photos ရဲ့ UI ကို ပြောင်းလဲခဲ့ပါတယ်။ အခုပြောင်းလဲမှု အသက်ဝင်ပြီလားဆိုတာ သိချင်ရင် Photos app > Settings > Backup & Sync ထဲမှာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena