Google Photos ဟာလက်ရှိ Mobile Device တွေအတွက်ရော၊ PC တွေအတွက်ပါ အကောင်းဆုံး Photo Album Service လို့တောင် ပြောနိုင်ပါတယ်။ ဒါကလည်း အသုံးပြုရတာလွယ်ကူတာနဲ့အတူ High Quality Version နဲ့ Unlimited Backup ရရှိနေတာကြောင့်ဖြစ်ပါတယ်။

အခုလည်း Google Photos ကနေ နောက်ထပ်အသုံးဝင်တဲ့ Feature တစ်ခုကိုရရှိလာတော့မှာပါ။ ဒါကတော့ Google Photos ထဲမှာရှိတဲ့ ဓါတ်ပုံကိုပဲ Google Account ရဲ့ Profile Photo အဖြစ် အလွယ်တကူပြောင်းလဲနိုင်တော့မှာပါ။ ဒါကိုတော့ Backward Developer တစ်ဦးဖြစ်တဲ့ Jane Wong ကနေ တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Google Account ရဲ့ Profile Photo ကိုပြောင်းလဲချင်တယ်ဆိုရင် Gmail လိုမျိုး Google Website တွေမှာ ကိုယ့်ရဲ့ Account Photo ရဲ့ Drop Down Menu ကနေတစ်ဆင့်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲချင်တဲ့ဓါတ်ပုံကို File Folder ထဲက သို့မဟုတ် Google Photos ကနေ စိတ်ကြိုက်ရွေးချယ်ပြီးမှ ပြောင်းလဲနိုင်မှာပါ။ အဲ့ဒီအတွက် အခုလိုမျိုး Google Photo က စိတ်ကြိုက်ဓါတ်ပုံကို Google Account Profile Photo အဖြစ် ပိုပြီးလွယ်ကူစွာပြောင်းလဲနိုင်မယ့်အတွက် အားသာချက်တစ်ခုဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် Google Photos အနေနဲ့ အခုလိုမျိုး အောင်မြင်ပြီးသားဖြစ်တဲ့အပြင် ဒီလိုမျိုး အသုံးဝင်တဲ့ Feature တွေရရှိလာတာကတော့ တော်တော်လေးအဆင်ပြေလာတယ်လို့ ပြောရမှာပါ။

Ref – 9to5Google