Zawgyi

Google Photos ဟာ လက္ရွိအခ်ိန္မွာ အသုံးျပဳသူအမ်ားဆုံး Photo Gallery App တစ္ခုဆိုရင္လည္း မမွားပါဘူး။ အခုအခ်ိန္မွာေတာ့ Google ကေန ဒီ Photos App မွာ ကိုယ္႐ိုက္ကူးတဲ့ ဓါတ္ပုံေတြမွာ ပါဝင္တဲ့သူေတြကို AI အား အလိုအေလ်ာက္ဆုံးျဖတ္ခိုင္းစရာမလိုေတာ့ဘဲ Manual Tag ျပဳလုပ္ခြင့္ေပးလိုက္ပါၿပီ။

Manual Tagging Feature ကို အေစာပိုင္းတုန္းက Android Police ကေန စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ Google Photos ကို အသုံးျပဳေနတဲ့သူတိုင္းက အဆိုပါ Feature ကို အသုံးျပဳႏိုင္ၿပီပဲျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ Google ကေန ကိုယ္႐ိုက္ကူးထားတဲ့သူေတြရဲ႕ ဓါတ္ပုံေတြကို တစ္ေယာက္ခ်င္းစီမွတ္ထားၿပီးေတာ့ ဘယ္သူဘယ္ဝါဆိုၿပီး နာမည္ေပးႏိုင္ခြင့္ပဲရွိခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ အခုအခ်ိန္မွာေတာ့ Google Photos ကေန ထည့္သြင္းဖို႔ က်န္ခဲ့တဲ့ ဓါတ္ပုံေတြနဲ႔ မွားယြင္းတဲ့ ဓါတ္ပုံေတြကို တစ္ေယာက္ခ်င္းစီျပန္လည္ Tag လုပ္ခြင့္ရရွိမွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး လူတစ္ေယာက္ခ်င္းစီကို Tagged ျပဳလုပ္ထားတယ္ဆိုရင္ Google Photos App ထဲမွာပဲ အဆိုပါ သူရဲ႕ နာမည္ကို ႐ိုက္ရွာလိုက္တာနဲ႔ တစ္ပုံခ်င္းစီျပန္ရွာေဖြေနစရာမလိုအပ္ဘဲ Album သီးသန္႔တစ္ခုအေနနဲ႔ ျမင္ရမွာပါ။ ဒီ Feature က သူငယ္ခ်င္းေတြ၊ မိသားစုေတြအျပင္ လူတိုင္းအတြက္ အသုံးဝင္တဲ့ Feature တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

Privacy အေနနဲ႔ေတာ့ လူေတြရဲ႕ မ်က္ႏွာကို အလိုအေလ်ာက္ Scan ဖတ္တာကို မလိုခ်င္ဘူးဆိုရင္ Setting ထဲမွာရွိတဲ့ Face Grouping Feature ကို Off ထားႏိုင္ၿပီးေတာ့ Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ အဆိုပါ Information ကို Account အခ်င္းခ်င္းမွ်ေဝျခင္းမရွိဘူးလို႔ သိရပါတယ္။

Ref – The Verge

Unicode

Google Photos ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး Photo Gallery App တစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာတော့ Google ကနေ ဒီ Photos App မှာ ကိုယ်ရိုက်ကူးတဲ့ ဓါတ်ပုံတွေမှာ ပါဝင်တဲ့သူတွေကို AI အား အလိုအလျောက်ဆုံးဖြတ်ခိုင်းစရာမလိုတော့ဘဲ Manual Tag ပြုလုပ်ခွင့်ပေးလိုက်ပါပြီ။

Manual Tagging Feature ကို အစောပိုင်းတုန်းက Android Police ကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Google Photos ကို အသုံးပြုနေတဲ့သူတိုင်းက အဆိုပါ Feature ကို အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Google ကနေ ကိုယ်ရိုက်ကူးထားတဲ့သူတွေရဲ့ ဓါတ်ပုံတွေကို တစ်ယောက်ချင်းစီမှတ်ထားပြီးတော့ ဘယ်သူဘယ်ဝါဆိုပြီး နာမည်ပေးနိုင်ခွင့်ပဲရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာတော့ Google Photos ကနေ ထည့်သွင်းဖို့ ကျန်ခဲ့တဲ့ ဓါတ်ပုံတွေနဲ့ မှားယွင်းတဲ့ ဓါတ်ပုံတွေကို တစ်ယောက်ချင်းစီပြန်လည် Tag လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဒီလိုမျိုး လူတစ်ယောက်ချင်းစီကို Tagged ပြုလုပ်ထားတယ်ဆိုရင် Google Photos App ထဲမှာပဲ အဆိုပါ သူရဲ့ နာမည်ကို ရိုက်ရှာလိုက်တာနဲ့ တစ်ပုံချင်းစီပြန်ရှာဖွေနေစရာမလိုအပ်ဘဲ Album သီးသန့်တစ်ခုအနေနဲ့ မြင်ရမှာပါ။ ဒီ Feature က သူငယ်ချင်းတွေ၊ မိသားစုတွေအပြင် လူတိုင်းအတွက် အသုံးဝင်တဲ့ Feature တစ်ခုလို့တောင် ပြောလို့ရပါတယ်။

Privacy အနေနဲ့တော့ လူတွေရဲ့ မျက်နှာကို အလိုအလျောက် Scan ဖတ်တာကို မလိုချင်ဘူးဆိုရင် Setting ထဲမှာရှိတဲ့ Face Grouping Feature ကို Off ထားနိုင်ပြီးတော့ Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Information ကို Account အချင်းချင်းမျှဝေခြင်းမရှိဘူးလို့ သိရပါတယ်။

Ref – The Verge