Google Photos ဟာ လက်ရှိ Android Device တွေတင်မကပဲ iOS Device တွေမှာပါ အသုံးပြုသူများပြားတဲ့ Photos Gallery နဲ့ Backup App တစ်ခုဖြစ်ပါတယ်။ အခုလည်း Google Photos မှာ အသုံးဝင်တဲ့ Feature အသစ်တစ်ခုကိုရရှိလာတော့မှာပါ။

Google Photos က ယခင်တုန်းကတော့ Photo နဲ့ Video တွေကို Edit ပြုလုပ်တဲ့နေရာမှာ တကယ့် Editing App တွေလောက်မဟုတ်ပေမယ့် Rotate ၊ Crop အပါအဝင် Color ပြန်ချိန်နိုင်တဲ့ Basic Editing Tool တွေပါဝင်ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Video တွေထဲက အသံကိုဖယ်ရှားပြီး Export ပြုလုပ်နိုင်တဲ့ Feature တစ်ခု ပါဝင်လာတော့မှာပါ။

အခုလိုမျိုး Feature အသစ်ရရှိလာတာက Video ထဲမှာ တကယ်လို့နောက်ခံအသံတွေကို ဖယ်ရှားချင်တာမျိုးဆိုရင် Single Tap နဲ့လုပ်လို့ရတာက အားသာချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း Video Editor တစ်ခုအနေနဲ့ကတော့ Google Photos ဟာ အားနည်းချက်တွေရှိနေဦးမှာပါ။

ဖြစ်နိုင်တာကတော့ Google ကနေ ဒီ Feature အသစ်ကို Android 11 နဲ့အတူ မိတ်ဆက်လာနိုင်ပြီးတော့ Digital Wellbeing မှာပါဝင်တဲ့ Wind Down Mode ကိုလည်း Bedtime Mode ဆိုပြီး နာမည်ပြောင်းလဲဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Ref – 9to5Google