[Zawgyi]

ဓါတ္ပုံထဲမွာ ပါဝင္တဲ့လူရဲ႕ မ်က္ႏွာကိုမွတ္သားၿပီး Face tagging လုပ္တယ္လို႔ဆိုလိုက္ရင္ Facebook သုံးေနတဲ့သူေတြအားလုံး သိၿပီးသားျဖစ္ပါလိမ့္မယ္။ ဒီလိုမ်ိဳး မ်က္ႏွာကိုသိမွတ္ႏိုင္တဲ့ နည္းပညာက Google Photos မွာလည္း ပါဝင္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။

Google ဟာ ေပါ့ပါးၿပီးဆန္းသစ္တဲ့ Gallery Go ကို ျဖန႔္ခ်ိခဲ့ေပမယ့္ ဓါတ္ပုံေတြသိမ္းဆည္းရာမွာ နာမည္ေက်ာ္တဲ့ Google Photos လည္း ဆက္လက္ၿပီး အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ ပုံထဲက စာသားေတြနဲ႔ရွာေဖြႏိုင္တဲ့ လုပ္ေဆာင္ခ်က္ကိုလည္း စတင္အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

Google Photos မွာ Instagram stories လိုမ်ိဳး “Memories” လုပ္ေဆာင္ခ်က္ကို ထည့္သြင္းလာသလို Color Pop နဲ႔ Bokeh Feature အသစ္ေတြ ထည့္သြင္းေပးလာျပန္ပါတယ္။ Face tagging ကလည္း လာမယ့္ Feature update မွာ ပါဝင္လာဖို႔ရွိတယ္လို႔ XDA Developers ရဲ႕ ေဖာ္ျပခ်က္ကို ကိုးကားၿပီး Android police က ေရးသားေဖာ္ျပခဲ့ပါတယ္။

Google Photos 4.32 မွာပါဝင္လာမယ္ဆိုတဲ့ ဒီလုပ္ေဆာင္ခ်က္ဟာ အလိုအေလ်ာက္မဟုတ္ဘဲ Manual facial tagging အျဖစ္ပဲ ရွိလိမ့္မယ္လို႔လည္း ဆိုပါတယ္။ Google Photos ဟာ ဓါတ္ပုံထဲမွာပါဝင္တဲ့လူေတြအနက္ အသုံးျပဳသူ သိမယ့္လူစာရင္းကို ျပသသြားမွာျဖစ္သလို ထပ္မံၿပီး ထည့္သြင္းခ်င္တယ္ဆိုရင္လည္း Create a new person ျပဳလုပ္လို႔ရပါတယ္။ ဒါေၾကာင့္ Google Photos ရဲ႕ လာမယ့္ Update ကေတာ့ စိတ္ဝင္တစားေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: Android Police

[Unicode]

Manual Face Tagging လုပ်ဆောင်နိုင်တော့မယ့် Google Photos

ဓါတ်ပုံထဲမှာ ပါဝင်တဲ့လူရဲ့ မျက်နှာကိုမှတ်သားပြီး Face tagging လုပ်တယ်လို့ဆိုလိုက်ရင် Facebook သုံးနေတဲ့သူတွေအားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး မျက်နှာကိုသိမှတ်နိုင်တဲ့ နည်းပညာက Google Photos မှာလည်း ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Google ဟာ ပေါ့ပါးပြီးဆန်းသစ်တဲ့ Gallery Go ကို ဖြန့်ချိခဲ့ပေမယ့် ဓါတ်ပုံတွေသိမ်းဆည်းရာမှာ နာမည်ကျော်တဲ့ Google Photos လည်း ဆက်လက်ပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ပုံထဲက စာသားတွေနဲ့ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။

Google Photos မျာ Instagram stories လိုမျိုး “Memories” လုပ်ဆောင်ချက်ကို ထည့်သွင်းလာသလို Color Pop နဲ့ Bokeh Feature အသစ်တွေ ထည့်သွင်းပေးလာပြန်ပါတယ်။ Face tagging ကလည်း လာမယ့် Feature update မှာ ပါဝင်လာဖို့ရှိတယ်လို့ XDA Developers ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Android police က ရေးသားဖော်ပြခဲ့ပါတယ်။

Google Photos 4.32 မှာပါဝင်လာမယ်ဆိုတဲ့ ဒီလုပ်ဆောင်ချက်ဟာ အလိုအလျောက်မဟုတ်ဘဲ Manual facial tagging အဖြစ်ပဲ ရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။ Google Photos ဟာ ဓါတ်ပုံထဲမှာပါဝင်တဲ့လူတွေအနက် အသုံးပြုသူ သိမယ့်လူစာရင်းကို ပြသသွားမှာဖြစ်သလို ထပ်မံပြီး ထည့်သွင်းချင်တယ်ဆိုရင်လည်း Create a new person ပြုလုပ်လို့ရပါတယ်။ ဒါကြောင့် Google Photos ရဲ့ လာမယ့် Update ကတော့ စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: Android Police