[Unicode]





Ref: GSMArena

[Zawgyi]

တရားဝင် အဆုံးသတ်ချိန်နီးနေပြီဖြစ်တဲ့ Google Pixel 2

Google Pixel 2 နဲ့ သူ့ထက် နည်းနည်းပိုကြီးတဲ့ အမျိုးအစားဖြစ်တဲ့ Pixel 2 XL တို့ဟာ တရားဝင် အဆုံးသတ်ချက် နီးကပ်လာပြီလို့ ဆိုနိုင်ပါတယ်။ အဆုံးသတ်ချိန်ဆိုတာက Google အနေနဲ့ ဒီ Pixel 2 ဖုန်းတွေကို ကုမ္ပဏီမှာ ဆက်လက်ထားရှိတော့မှာမဟုတ်ဘဲ သူတို့ရဲ့ Life Cycles တွေလည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။


အံ့အားသင့်စရာကောင်းတာက Google Pixel 2 တွေကို မိတ်ဆက်ခဲ့တာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာတုန်းကမှ ဖြစ်ပါတယ်။ ၂ နှစ်တောင် မပြည့်သေးတဲ့အချိန်ကာလအတွင်းမှာ Google က အခုလို လုပ်လိုက်တာပါ။ တကယ်တော့ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းကတည်းက ဒုတိယမျိုးဆက် Pixel ဖုန်းတွေကို လျှော့ဈေးနဲ့ရောင်းချနေခဲ့တာ ဖြစ်ပါတယ်။

Pixel 2 တွေကို လက်ကျန်ရှင်းထုတ်ပြီး ဂိုထောင်ခါတော့မယ့်အကြောင်းရင်းက မကြာခင် မြင်တွေ့လာရဖွယ်ရှိတဲ့ Pixel 3a နဲ့ Pixel 3a XL တွေကြောင့် ဖြစ်တယ်လို့တော့ ကောလာဟလ သတင်းတွေက ဆိုကြပါတယ်။ တကယ်လည်း ဒီ Pixel 3a နဲ့ Pixel 3a XL တွေက Google အတွက် အဓိပ္ပါယ်ရှိတဲ့ ဈေးကွက်ချဲ့ထွင်ရေး မဟာဗျူဟာ ဖြစ်လာနိုင်တာပါ။


Google အနေနဲ့ Pixel 2 နဲ့ Pixel 2 XL တွေကို ရှင်းထုတ်လိုက်တော့မယ်ဆိုပေမယ့် Software ပိုင်း ထောက်ပံ့မှုကိုတော့ ရပ်တန့်သွားဖွယ် မရှိပါဘူး။ Pixel 2 တွေဟာ အကောင်းဆုံး ဓါတ်ပုံရိုက်ကူးနိုင်မှု အရေအသွေးတွေကြောင့် အောင်မြင်မှုတွေ ရခဲ့တာလို့ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် စမတ်ဖုန်းလောကမှာတော့ နောက်ထွက်တဲ့ဖုန်းတွေက ဈေးပိုသက်သာပြီး အရည်အသွေးပိုကောင်းလေ့ရှိကြပါတယ်။ ဒါကလည်း သုံးစွဲသူတွေက အသစ်တွေနောက်ပဲ လိုက်နေကြရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Ref: GSMArena