Google ရဲ့ Pixel ဖုန်းတွေကို စမိတ်ဆက်ခဲ့တဲ့အချိန်ကတည်းက Android Fan တွေတင်မဟုတ်ပဲ Apple Fan တွေပါ စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ Pixel 2 ကတော့ ပထမ Pixel ဖုန်းတွေထက်ပိုကောင်းတဲ့ Design နဲ့ထွက်လာခဲ့တာကြောင့် မြန်မာနိုင်ငံက Android Fan တွေကြားမှာပါ စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။

Pixel 2 မှာ အားလုံးသဘောကျခဲ့တဲ့အချက်က တစ်ခုတည်းပါ။ အဲ့ဒါကတော့ Camera ပါ။ Google က အရင် Nexus ဖုန်းတွေမှာကတည်းက Camera နဲ့ပတ်သက်လို့ ကောင်းသထက်ကောင်းအောင် လုပ်နေခဲ့တာကြောင့် Pixel ဖုန်းတွေမှာလည်း ဈေးကွက်ထဲက အခြားဖုန်းတွေထက်သာတဲ့ Camera ကိုအသုံးပြုပေးလာနိုင်တာပါ။

Pixel 2 ကထွက်လာတဲ့ ဓာတ်ပုံတိုင်းနီးပါးက အမြဲပြတ်သားပြီးအရောင်တိကျမှုရှိတာကြောင့် လူတိုင်းသဘောကျတဲ့ Smartphone Camera စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ ပိုသဘောကျဖို့ကောင်းတာကတော့ Camera တစ်လုံးတည်းသုံးထားပေမယ့် Portrait Mode ရိုက်လို့ရတာပါ။ Dual Camera ပါတဲ့ဖုန်းတွေထက်ပိုကောင်းတယ်လို့ပြောလို့ရတဲ့ Portrait တွေကိုရိုက်ပေးနိုင်ပါတယ်။

အခုလည်း နောက်ထွက်မယ့် Pixel 3 အတွက် စိတ်ဝင်စားတဲ့သူတွေများနေပါပြီ။ သတင်းပေါက်တာတွေရှိပေမယ့် တိတိကျကျမဟုတ်တဲ့အတွက် အသေးစိတ်ပြောလို့မရသေးတဲ့အချိန်မှာ Pixel 3 ရဲ့ Design အချို့ ထွက်လာပါပြီ။ Render တွေဖြစ်တာကြောင့် အခု Desgin အတိုင်း အတိအကျဖြစ်မယ်လို့တော့ပြောလို့ မရသေးပါဘူး။ အဖြစ်နိုင်ဆုံးဆိုတဲ့ အဆင့်မှာကိုမရှိသေးတာကြောင့် Design နဲ့ပတ်သက်လို့ လက်ရှိပုံတွေကတော့ ခန့်မှန်းအဆင့်ပဲရှိပါသေးတယ်။ Wireless Charging ကိုမျှော်လင့်ထားကြပေမယ့်လည်း အခု Design က Glass မသုံးထားတာကြောင့် ပြောရခက်နေပါသေးတယ်။