[Zawgyi]
Google Pixel 3a, 3a XL တို့နဲ့ ပတ်သက်ပြီး 9To5Google ရဲ့ ပြန်လည်ဖော်ပြချက်တွေအရဆိုရင် အဆိုပါ စမတ်ဖုန်းတွေမှာ Iris ဒါမှမဟုတ် Purple အရောင်သစ်တမျိုး ပါရှိလာနိုင်တယ်လို့ သိရပါတယ်။ ယူရို ၄၅၀ ဝန်းကျင် (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်) ကျသင့်နိုင်တယ်ဆိုတဲ့ ဈေးနှုန်းကိုတော့ ဥရောပမှာ အွန်လိုင်းကနေ တစ်ဆင့် လက်လီဖြန့်ဖြူးရောင်းချနေတဲ့ သူဆီက စုံစမ်းသိရှိခဲ့ရတာ ဖြစ်ကြောင်း WinFuture က ဆိုထားပါတယ်။ 9To5Google ကတော့ ယူရို ၄၅၀ ဆိုတာ ကန်ဒေါ်လာ ၅၀၀ ဝန်းကျင် ရှိနေတာကြောင့် Mid-range စမတ်ဖုန်း တစ်လုံးအတွက် ဈေးကြီးနေပြီး၊ နောက်ထပ် ကန်ဒေါ်လာ ၁၀၀ ထပ်စိုက်မယ်ဆိုရင် သူ့ထက် အများကြီး ပိုကောင်းတဲ့ ကန်ဒေါ်လာ ၆၀၀ တန် Pixel 3 ကို လက်ရှိရောင်းချနေတဲ့ ဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ကြောင်း ထောက်ပြထားပါတယ်။
Ref : 9To5Google
[Unicode]
မကြာခင် မြင်တွေ့ရနိုင်တဲ့ Google Pixel 3a နဲ့ 3a XL တို့ဟာ စျေးသက်သာဖွယ်မရှိ
Google ရဲ့ စတုတ္ထမြောက် စမတ်ဖုန်းတွေ ဖြစ်လာမယ့် Google Pixel 3a နဲ့ 3a XL တို့ရဲ့ အကြောင်းတွေဟာ မကြာခဏဆိုသလို အွန်လိုင်းပေါ်မှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ မနေ့တုန်းကလည်း အဆိုပါဖုန်းတွေရဲ့ Specifications ၊ အရောင်သစ်နဲ့ ဥရောပမှာ ရောင်းချသွားမယ့် စျေးနှုန်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
Google Pixel 3a, 3a XL တို့နဲ့ ပတ်သက်ပြီး 9To5Google ရဲ့ ပြန်လည်ဖော်ပြချက်တွေအရဆိုရင် အဆိုပါ စမတ်ဖုန်းတွေမှာ Iris ဒါမှမဟုတ် Purple အရောင်သစ်တမျိူး ပါရှိလာနိုင်တယ်လို့ သိရပါတယ်။ ယူရို ၄၅၀ ဝန်းကျင် (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်) ကျသင့်နိုင်တယ်ဆိုတဲ့ စျေးနှုန်းကိုတော့ ဥရောပမှာ အွန်လိုင်းကနေ တစ်ဆင့် လက်လီဖြန့်ဖြူးရောင်းချနေတဲ့ သူဆီက စုံစမ်းသိရှိခဲ့ရတာ ဖြစ်ကြောင်း WinFuture က ဆိုထားပါတယ်။ 9To5Google ကတော့ ယူရို ၄၅၀ ဆိုတာ ကန်ဒေါ်လာ ၅၀၀ ဝန်းကျင် ရှိနေတာကြောင့် Mid-range စမတ်ဖုန်း တစ်လုံးအတွက် စျေးကြီးနေပြီး၊ နောက်ထပ် ကန်ဒေါ်လာ ၁၀၀ ထပ်စိုက်မယ်ဆိုရင် သူ့ထက် အများကြီး ပိုကောင်းတဲ့ ကန်ဒေါ်လာ ၆၀၀ တန် Pixel 3 ကို လက်ရှိရောင်းချနေတဲ့ စျေးနှုန်းအတိုင်း ဝယ်ယူနိုင်ကြောင်း ထောက်ပြထားပါတယ်။
ဒါ့အပြင် 9To5Google အနေနဲ့ Pixel 3a ကို ဒီလ အစောပိုင်းတုန်းက စမ်းသပ်အသုံးပြုထားပြီး ဖြစ်တာကြောင့် Pixel 3a ရဲ့ Specifications တွေကိုလည်း အတည်ပြုပေးထားပါသေးတယ်။ 9To5Google ရဲ့ အတည်ပြုချက်များအရ Pixel 3a မှာ Resolution 1080 x 2220 pixels နဲ့ 440dpi ရှိတဲ့ 5.6” OLED Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် Snapdragon 670 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်ပါတယ်။ (Pixel 3a XL မှာတော့ Snapdragon 710 SoC ကို အသုံးပြုထားနိုင်ပါတယ်) 8MP Wide Sensor ကို Selfie Camera အနေနဲ့ အသုံးပြုထားပြီး နောက်ကျောဘက်မှာတော့ 12MP Camera တစ်လုံးတည်းကိုသာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏက 3000mAh ပါဝင်မှာပါ။ Android Police ရဲ့ David Ruddock ကတော့ Google Pixel 3a နဲ့ 3a XL ကို ဒီနွေဦးမှာ မြင်တွေ့နိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။
Ref : 9To5Google