[Zawgyi]

Google Pixel 3a နဲ႔ 3a XL ေတြဟာ ဘယ္လိုပုံစံရွိႏိုင္လဲဆိုတဲ့အေၾကာင္းကေတာ့ ေပါက္ၾကားခဲ့တာ ၾကာပါၿပီ။ ဒီ Device ႏွစ္ခုလုံးအတြက္ Case ႐ုပ္ပုံေတြ၊ Hands-on ဓါတ္ပုံေတြကိုလည္း ျမင္ခဲ့ၾကၿပီးပါၿပီ။ ဒါေပမယ့္ ဒီေပါက္ၾကားမႈေတြက တရားဝင္ မဟုတ္ပါဘူး။ အခုျမင္ေတြ႕ရတာကေတာ့ ပထမဆုံး တရားဝင္ Render ေတြပဲ ျဖစ္ပါတယ္။

Google Pixel 3a နဲ႔ 3a XL ေတြရဲ႕ တရားဝင္ Render ပုံရိပ္ေတြ ထြက္ေပၚလာတာကေတာ့ Android Headlines ဆီကပဲ ျဖစ္ပါတယ္။ ဒီ တရားဝင္ Render ပုံရိပ္ေတြကလည္း Pixel 3 နဲ႔ 3a XL တို႔ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို ေဖာ္ျပႏိုင္ေသးတာ မဟုတ္ပါဘူး။ ဒါေပမယ့္ အမွန္တကယ္ ထြက္ေပၚလာခ်ိန္မွာ ျမင္ေတြ႕ရမယ့္ ဒီဇိုင္းကိုေတာ့ ေဖာ္ျပႏိုင္ခဲ့တာပါ။

Render ေတြအရ Google Pixel 3a နဲ႔ 3a XL တို႔ဟာ အေတာ္ေလးကို ဆင္တူၾကတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ မတူညီတဲ့ အခ်က္ေတြလည္း ကိုယ္စီရွိေနၾကပါတယ္။ ဥပမာအားျဖင့္ 5.6-inch နဲ႔ 6-inch မ်က္ႏွာျပင္ အျဖစ္ ကြဲလြဲမႈမ်ိဳးပါ။ ဒါေပမယ့္ ဒီဖုန္း ႏွစ္မ်ိဳးစလံုးက 4GB of RAM ပဲ သုံးထားမယ္လို႔ သိရပါတယ္။ Pixel 3a ကေတာ့ Snapdragon 679 SoC ျဖစ္ၿပီး Pixel 3a XL ကေတာ့ Snapdragon 710 သုံးမယ္လို႔လည္း သိရပါတယ္။

အခုအခ်ိန္ထိ Google Pixel 3a နဲ႔ 3a XL တို႔ကို တရားဝင္ မိတ္ဆက္လာဖို႔ လဝက္ေလာက္ လိုေနပါေသးတယ္။ ဒါေၾကာင့္ ဒီ ႏွစ္ပတ္အတြင္းမွာ Pixel 3a နဲ႔ 3a XL တို႔ရဲ႕ အေသးစိတ္အေၾကာင္းအရာေတြ ထပ္ၿပီးေပါက္ၾကားလာဦးမွာ ေသခ်ာပါတယ္။

Ref: GSMArena

[Unicode]

Google Pixel 3a နဲ့ 3a XL ရဲ့ တရားဝင် Renders တွေ ထွက်လာပြီ

Google Pixel 3a နဲ့ 3a XL တွေဟာ ဘယ်လိုပုံစံရှိနိုင်လဲဆိုတဲ့အကြောင်းကတော့ ပေါက်ကြားခဲ့တာ ကြာပါပြီ။ ဒီ Device နှစ်ခုလုံးအတွက် Case ရုပ်ပုံတွေ၊ Hands-on ဓါတ်ပုံတွေကိုလည်း မြင်ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် ဒီပေါက်ကြားမှုတွေက တရားဝင် မဟုတ်ပါဘူး။ အခုမြင်တွေ့ရတာကတော့ ပထမဆုံး တရားဝင် Render တွေပဲ ဖြစ်ပါတယ်။

Google Pixel 3a နဲ့ 3a XL တွေရဲ့ တရားဝင် Render ပုံရိပ်တွေ ထွက်ပေါ်လာတာကတော့ Android Headlines ဆီကပဲ ဖြစ်ပါတယ်။ ဒီ တရားဝင် Render ပုံရိပ်တွေကလည်း Pixel 3 နဲ့ 3a XL တို့ရဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြနိုင်သေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တကယ် ထွက်ပေါ်လာချိန်မှာ မြင်တွေ့ရမယ့် ဒီဇိုင်းကိုတော့ ဖော်ပြနိုင်ခဲ့တာပါ။

Render တွေအရ Google Pixel 3a နဲ့ 3a XL တို့ဟာ အတော်လေးကို ဆင်တူကြတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မတူညီတဲ့ အချက်တွေလည်း ကိုယ်စီရှိနေကြပါတယ်။ ဥပမာအားဖြင့် 5.6-inch နဲ့ 6-inch မျက်နှာပြင် အဖြစ် ကွဲလွဲမှုမျိုးပါ။ ဒါပေမယ့် ဒီဖုန်း နှစ်မျိုးစလုံးက 4GB of RAM ပဲ သုံးထားမယ်လို့ သိရပါတယ်။ Pixel 3a ကတော့ Snapdragon 679 SoC ဖြစ်ပြီး Pixel 3a XL ကတော့ Snapdragon 710 သုံးမယ်လို့လည်း သိရပါတယ်။

အခုအချိန်ထိ Google Pixel 3a နဲ့ 3a XL တို့ကို တရားဝင် မိတ်ဆက်လာဖို့ လဝက်လောက် လိုနေပါသေးတယ်။ ဒါကြောင့် ဒီ နှစ်ပတ်အတွင်းမှာ Pixel 3a နဲ့ 3a XL တို့ရဲ့ အသေးစိတ်အကြောင်းအရာတွေ ထပ်ပြီးပေါက်ကြားလာဦးမှာ သေချာပါတယ်။

Ref: GSMArena