[Zawgyi]

Google Pixel 3a အေၾကာင္း ေပါက္ၾကားမႈေတြက ဆက္တိုက္ဆိုသလို ျဖစ္ခဲ့ၿပီးတဲ့ေနာက္ တရားဝင္မိတ္မဆက္ခင္ တစ္ရက္အလိုမွာေတာ့ အစိတ္အပိုင္းအခ်က္အလက္ အျပည့္အစုံကို ေပါက္ၾကားလာခဲ့ၿပီ ျဖစ္ပါတယ္။ ယုံၾကည္စိတ္ခ်ရတဲ့ေနရာမွာ နာမည္ေက်ာ္ Leakster တစ္ဦးျဖစ္တဲ့ Roland Quandt @rquandt က ဒီအခ်က္အလက္ေတြကို ဖြင့္ခ်ခဲ့တာပါ။

Google ရဲ႕ Midrange Pixel ဖုန္းသစ္ေတြအေၾကာင္းကေတာ့ အားလုံးေမွ်ာ္လင့္ထားတဲ့အတိုင္းပါပဲ။ Pixel 3a ဟာ 5.6-inch မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Full HD+ (1080p) resolution နဲ႔ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးကေတာ့ 18:9 ပါ။ OLED မ်က္ႏွာျပင္ ျဖစ္တာေၾကာင့္ always-on mode လည္း အသုံးျပဳလို႔ရေတာ့မွာပါ။

ဘက္ထရီပမာဏက 3,000mAh ျဖစ္ၿပီး Snapdragon 670 SoC ကို 4GB of RAM နဲ႔ တြဲဖက္ေပးထားပါတယ္။ ကိုယ္ထည္ကေတာ့ ထုတ္လုပ္မႈကုန္က်စရိတ္ကို ေလွ်ာ့ခ်ဖို႔အတြက္ Polycarbonate သာအသုံးျပဳထားတာပါ။ ကင္မရာေတြကေတာ့ အေတာ္ေလး စိတ္ဝင္စားစရာေကာင္းတယ္လို႔ ဆိုရမွာပါ။

အဓိက ကင္မရာဟာ 12.2MP sensor နဲ႔ျဖစ္ၿပီး Dual pixel autofoucs နဲ႔ ျဖစ္ပါတယ္။ Pixel 3 လိုမ်ိဳးပဲ 1.4 micron-side pixels, f/1.8 aperture lens နဲ႔ကင္မရာ ျဖစ္တာေၾကာင့္ ပုံထြက္အရည္အေသြးကို အေတာ္ေလး ေမွ်ာ္လင့္လို႔ရပါလိမ့္မယ္။ Selfie ကင္မရာကေတာ့ 8MP f/2.0 နဲ႔ျဖစ္ပါတယ္။ ဗြီဒီယို႐ိုက္ကူးမႈအတြက္ 4K @ 30fps ျဖစ္ၿပီး အေရွ႕ကင္မရာကေတာ့ 1080p @ 30fps ျဖစ္တယ္လို႔ သိရပါတယ္။

Pixel 3a ဟာ 18W အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားမွာျဖစ္ၿပီး 3.5mm headphone jack လည္း ပါဝင္လာမွာျဖစ္ပါတယ္။ အသံထြက္ပိုင္းအတြက္ Stereo စပီကာေတြလည္း ေတြ႕ျမင္ရမွာပါ။ Pixel 3a အတြက္ေဈးႏႈန္းကေတာ့ $399 (၆သိန္း ဝန္းက်င္) ျဖစ္တယ္လို႔ သတင္းထြက္ထားေပမယ့္ အနည္းငယ္ကြာဟမႈလည္း ရွိလာႏိုင္ပါတယ္။

Ref: GSMArena

[Unicode]

မိတ်မဆက်ခင် တစ်ရက်အလိုမှာ Google Pixel 3a အကြောင်း အကုန်လုံးနီးပါးပေါက်ကြားလာ

Google Pixel 3a အကြောင်း ပေါက်ကြားမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပြီးတဲ့နောက် တရားဝင်မိတ်မဆက်ခင် တစ်ရက်အလိုမှာတော့ အစိတ်အပိုင်းအချက်အလက် အပြည့်အစုံကို ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။ ယုံကြည်စိတ်ချရတဲ့နေရာမှာ နာမည်ကျော် Leakster တစ်ဦးဖြစ်တဲ့ Roland Quandt @rquandt က ဒီအချက်အလက်တွေကို ဖွင့်ချခဲ့တာပါ။

Google ရဲ့ Midrange Pixel ဖုန်းသစ်တွေအကြောင်းကတော့ အားလုံးမျှော်လင့်ထားတဲ့အတိုင်းပါပဲ။ Pixel 3a ဟာ 5.6-inch မျက်နှာပြင်နဲ့ဖြစ်ပြီး Full HD+ (1080p) resolution နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးကတော့ 18:9 ပါ။ OLED မျက်နှာပြင် ဖြစ်တာကြောင့် always-on mode လည်း အသုံးပြုလို့ရတော့မှာပါ။

ဘက်ထရီပမာဏက 3,000mAh ဖြစ်ပြီး Snapdragon 670 SoC ကို 4GB of RAM နဲ့ တွဲဖက်ပေးထားပါတယ်။ ကိုယ်ထည်ကတော့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် Polycarbonate သာအသုံးပြုထားတာပါ။ ကင်မရာတွေကတော့ အတော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုရမှာပါ။

အဓိက ကင်မရာဟာ 12.2MP sensor နဲ့ဖြစ်ပြီး Dual pixel autofoucs နဲ့ ဖြစ်ပါတယ်။ Pixel 3 လိုမျိုးပဲ 1.4 micron-side pixels, f/1.8 aperture lens နဲ့ကင်မရာ ဖြစ်တာကြောင့် ပုံထွက်အရည်အသွေးကို အတော်လေး မျှော်လင့်လို့ရပါလိမ့်မယ်။ Selfie ကင်မရာကတော့ 8MP f/2.0 နဲ့ဖြစ်ပါတယ်။ ဗွီဒီယိုရိုက်ကူးမှုအတွက် 4K @ 30fps ဖြစ်ပြီး အရှေ့ကင်မရာကတော့ 1080p @ 30fps ဖြစ်တယ်လို့ သိရပါတယ်။

Pixel 3a ဟာ 18W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားမှာဖြစ်ပြီး 3.5mm headphone jack လည်း ပါဝင်လာမှာဖြစ်ပါတယ်။ အသံထွက်ပိုင်းအတွက် Stereo စပီကာတွေလည်း တွေ့မြင်ရမှာပါ။ Pixel 3a အတွက်ဈေးနှုန်းကတော့ $399 (၆သိန်း ဝန်းကျင်) ဖြစ်တယ်လို့ သတင်းထွက်ထားပေမယ့် အနည်းငယ်ကွာဟမှုလည်း ရှိလာနိုင်ပါတယ်။

Ref: GSMArena