[Zawgyi]

မိတ္မဆက္ခင္ ကတည္းက ေပါက္ၾကားထြက္ေပၚမႈေတြ ဆက္တိုက္ဆိုသလို ျဖစ္ေပၚေနတာ Google ရဲ႕ ထုံးစံပါ။ ဒီေန႔မွာလည္း Google Pixel 3a , 3a XL တို႔နဲ႔ ပတ္သက္တဲ့ ဓာတ္ပုံေတြ၊ ေကာလဟလသတင္းေတြ ထပ္မံ ထြက္ေပၚလာျပန္ပါတယ္။ ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြဟာ Pixel 3a စီးရီးကို အေရာင္းျမႇင္တင္ေရး ျပဳလုပ္ဖို႔အတြက္ ဖန္တီးထားတာျဖစ္ၿပီး၊ Pixel 3a ရဲ႕ ဒီဇိုင္းနဲ႔ အဓိက Features ေတြပါ ပါဝင္လာခဲ့ပါတယ္။

ဓာတ္ပုံေတြအရဆိုရင္ Google ရဲ႕ ေနာက္ဆုံးထြက္ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Pixel 3 နဲ႔ 3 XL တို႔မွာ စတင္ပါဝင္ခဲ့တဲ့ Night Sight Mode ဟာ Pixel 3a စီးရီးေတြမွာလည္း ပါဝင္ႏိုင္ပါတယ္။ Night Sight ဆိုတာ အလင္းေရာင္ အားနည္းတဲ့ ညဘက္လိုမ်ိဴး အခ်ိန္ေတြမွာ ဓာတ္ပုံေတြ႐ိုက္ကူးတဲ့အခါ ေကာင္းမြန္တဲ့ ႐ုပ္ထြက္အရည္အေသြးေတြရရွိေအာင္ ဖန္တီးေပးတဲ့ Feature ျဖစ္ပါတယ္။

အထက္ပါ ပုံအရ Google အေနနဲ႔ Pixel 3a စီးရီးအတြက္ Security နဲ႔ OS Updates ေတြကို ၃ႏွစ္တိတိ ထုတ္လႊင့္ေပးသြားမယ္လို႔ အာမခံထားၿပီး၊ Password လိုမ်ိဴး အေရးႀကီး အခ်က္အလက္ေတြကို လုံလုံၿခဳံၿခဳံ သိမ္းထားႏိုင္ဖို႔အတြက္ သီးသန္႔ျပဳလုပ္ထားတဲ့ Titan M security chip ပါဝင္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ စမတ္ဖုန္းအသစ္ကို Messages, Contacts နဲ႔ ဓာတ္ပုံေတြ ေျပာင္းေ႐ြ႕တဲ့အခါမွာ Quick Switch Adapter (USB-A to USB-C ) ကိုလည္း အသုံးျပဳႏိုင္မယ္လို႔ ဆိုထားပါေသးတယ္။

ေနာက္ဆုံးတစ္ခုကေတာ့ ဖုန္းေျဖၾကားမႈကို Google Assistant အကူအညီနဲ႔ ေျပာဆိုႏိုင္မယ့္ Call Screen Feature ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Pixel 3 နဲ႔ 3XL တို႔မွာ စတင္ပါဝင္ခဲ့တဲ့ Call Screen Feature ကို Pixel 3a စီးရီးေတြမွာလည္း ျမင္ေတြ႕ရေတာ့မွာပါ။

Ref : 9To5 Google

[Unicode]

Night Sight နဲ့ Call Screen တွေပါဝင်လာမယ့် Google Pixel 3a ဟာ OS Update ကို ၃နှစ်တိတိ ရရှိနိုင်

မိတ်မဆက်ခင် ကတည်းက ပေါက်ကြားထွက်ပေါ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာ Google ရဲ့ ထုံးစံပါ။ ဒီနေ့မှာလည်း Google Pixel 3a , 3a XL တို့နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ကောလဟလသတင်းတွေ ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေဟာ Pixel 3a စီးရီးကို အရောင်းမြှင်တင်ရေး ပြုလုပ်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီး၊ Pixel 3a ရဲ့ ဒီဇိုင်းနဲ့ အဓိက Features တွေပါ ပါဝင်လာခဲ့ပါတယ်။

ဓာတ်ပုံတွေအရဆိုရင် Google ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Pixel 3 နဲ့ 3 XL တို့မှာ စတင်ပါဝင်ခဲ့တဲ့ Night Sight Mode ဟာ Pixel 3a စီးရီးတွေမှာလည်း ပါဝင်နိုင်ပါတယ်။ Night Sight ဆိုတာ အလင်းရောင် အားနည်းတဲ့ ညဘက်လိုမျိူး အချိန်တွေမှာ ဓာတ်ပုံတွေရိုက်ကူးတဲ့အခါ ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးတွေရရှိအောင် ဖန်တီးပေးတဲ့ Feature ဖြစ်ပါတယ်။

အထက်ပါ ပုံအရ Google အနေနဲ့ Pixel 3a စီးရီးအတွက် Security နဲ့ OS Updates တွေကို ၃နှစ်တိတိ ထုတ်လွှင့်ပေးသွားမယ်လို့ အာမခံထားပြီး၊ Password လိုမျိူး အရေးကြီး အချက်အလက်တွေကို လုံလုံခြုံခြုံ သိမ်းထားနိုင်ဖို့အတွက် သီးသန့်ပြုလုပ်ထားတဲ့ Titan M security chip ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စမတ်ဖုန်းအသစ်ကို Messages, Contacts နဲ့ ဓာတ်ပုံတွေ ပြောင်းရွေ့တဲ့အခါမှာ Quick Switch Adapter (USB-A to USB-C ) ကိုလည်း အသုံးပြုနိုင်မယ်လို့ ဆိုထားပါသေးတယ်။

နောက်ဆုံးတစ်ခုကတော့ ဖုန်းဖြေကြားမှုကို Google Assistant အကူအညီနဲ့ ပြောဆိုနိုင်မယ့် Call Screen Feature ဖြစ်ပါတယ်။ ဒါ့ကြောင့် Pixel 3 နဲ့ 3XL တို့မှာ စတင်ပါဝင်ခဲ့တဲ့ Call Screen Feature ကို Pixel 3a စီးရီးတွေမှာလည်း မြင်တွေ့ရတော့မှာပါ။

Ref : 9To5 Google