Zawgyi
ဒါပေမယ့် Google က Pixel 4 စမတ်ဖုန်းရဲ့ အရှေ့ဘက် Design ကိုတော့ အခုထိ အတည်ပြုပေးခြင်းမရှိသေးပါဘူး။ Render ဓါတ်ပုံတွေအရပဲ ဘယ်လိုပုံစံမျိုးဖြစ်နိုင်မလဲဆိုတာကို ခန့်မှန်းနေကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ Google ရဲ့ ဝန်ထမ်းတစ်ဦးက Pixel 4 စမတ်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုနေတဲ့ ဓာတ်ပုံပေါ်ထွက်လာပါပြီ။
ဓါတ်ပုံထဲမှာ Pixel 4 ရဲ့ Face Unlock ၊ Project Soli Radar Chip နဲ့ Front Facing Speaker တွေပါဝင်လာမယ့် Top Bezel အပြင် ကျန်တဲ့ ဘေးဘောင်နဲ့ Display ကိုပါ တွေ့မြင်နိုင်ပါတယ်။ ဒီနေရာမှာ ထူးခြားတာက Pixel 4 ရဲ့ အောက်ဖက် Chin က ထွက်ရှိထားတဲ့ Render တွေနဲ့မတူညီဘဲ ဘေးဘောင်နဲ့တသားတည်းဖြစ်ပြီး Chin မပါသလောက်ကို သေးငယ်နေတာဖြစ်ပါတယ်။
Ref – Phone Arena
Unicode
Google ကနေ ဒီနှစ်မှာ Pixel 4 စမတ်ဖုန်းကို ကိုယ်တိုင်ပါဝင်လာမယ့် Feature နဲ့ Design ပိုင်းကို အတည်ပြုနေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း Back Camera Design နဲ့အတူ Face Unlock နဲ့ Project Soli Radar တွေပါဝင်လာမယ်ဆိုတာ အတည်ပြုပြီးဖြစ်နေပါပြီ။
ဒါပေမယ့် Google ကနေ Pixel 4 စမတ်ဖုန်းရဲ့ အရှေ့ဘက် Design ကိုတော့ အခုထိ အတည်ပြုပေးခြင်းမရှိဘဲ Render ဓါတ်ပုံတွေအရပဲ ဘယ်လိုပုံစံမျိုးဖြစ်နိုင်မလဲဆိုတာကို ခန့်မှန်းနိုင်တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ရဲ့ ဝန်ထမ်းတစ်ဦးက Pixel 4 ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုနေတာကို ဓါတ်ပုံရိုက်ယူထားနိုင်ခဲ့ပါတယ်။
အခုဓါတ်ပုံအရ အဆိုပါ Google ရဲ့ ဝန်ထမ်းက Pixel 4 ပေါ်မှာ Video ကြည့်နေတာကို ဓါတ်ပုံရိုက်ကူးထားနိုင်ခဲ့တာဖြစ်ပြီး Pixel 4 ရဲ့ Face Unlock ၊ Project Soli Radar Chip နဲ့ Front Facing Speaker တွေပါဝင်လာမယ့် Top Bezel အပြင် ကျန်တဲ့ ဘေးဘောင်နဲ့ Display ကိုပါ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားတာက အပြင်မှာ Pixel 4 ရဲ့ အောက်ဖက်က Chin က လက်ရှိထွက်ရှိထားတဲ့ Render တွေနဲ့မတူညီဘဲ ဘေးဘောင်နဲ့တသားတည်းဖြစ်ပြီး မပါသလောက်ကို သေးငယ်နေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ကြည့်ရတာ Pixel 4 ဖုန်းက iPhone XS လိုမျိုးပဲ အပေါ်ဘက်မှာ Notch အစား Top Bezel ပါတာကလွဲရင် ဘေးဘောင်နဲ့ Chin တွေက Symmetrical ဖြစ်နေမယ်လို့ ယူဆရပါတယ်။
ဒါ့အပြင် Pixel 4 ကို ဓါတ်ပုံရိုက်ကူးထားတဲ့သူရဲ့ ပြောကြားချက်အရတော့ Pixel 4 ရဲ့ Camera App က လုံးဝပုံစံပြောင်းလဲထားပြီး DSLR Camera တစ်ခုလိုမျိုး Zoom Feature တစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဖုန်းကို Horizontal ထားထားတဲ့အချိန်မှာလည်း Face Unlock က တော်တော်လေးကို မြန်ဆန်တာကိုလည်း တွေ့ခဲ့ရပါသေးတယ်။
Google Pixel 4 စမတ်ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ ဒါမှမဟုတ် ၉ ရက်နေ့ဝန်းကျင်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့မှာ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။ ဈေးနှုန်းအနေနဲ့တော့ Pixel 3 ဖုန်းတွေလိုပဲ $800 ဝန်းကျင်ကနေ စတင်လာနိုင်ပါတယ်။
Ref – Phone Arena