Zawgyi

Google Pixel 4 စမတ္ဖုန္းအသစ္အတြက္ တရားဝင္မိတ္ဆက္ပြဲမွာ အသုံးျပဳမယ့္ Render လို႔ ယူဆရတဲ့ ဓါတ္ပုံေတြ ထြက္ေပၚလာခဲ့ပါၿပီ။ ဒီႏွစ္ထဲမွာ သတင္းအမ်ဳိးမ်ဳိးထြက္ထားတဲ့ စတုတၳမ်ဳိးဆက္ Pixel ဖုန္းနဲ႔ပတ္သက္ၿပီး ထြက္လာသမွ် ပုံေတြထဲမွာ အရွင္းလင္းဆုံးလို႔ ဆုိရမွာပါ။

ပုံထဲမွာေတြ႕ရတဲ့အတုိင္း Pixel 4 ရဲ႕အျခားဘက္သုံးခုမွာ ေသးငယ္တဲ့ Bezel ေတြသာပါရွိေပမယ့္ အေပၚေဘာင္ ကေတာ့ Selfie ကင္မရာနဲ႔ Earpiece တုိ႔ကို ထည့္သြင္းလာရတဲ့အတြက္ သိသာစြာ ထူထဲသြားပါတယ္။ ဒါ့အျပင္ Motion Sense နည္းပညာအတြက္ အျခားလိုအပ္တဲ့ Hardware ေတြအတြက္ပါ ေနရာေပးထားရပုံပါပဲ။

အခုထြက္လာတဲ့ Render ထဲက ဖုန္းရဲ႕ Wallpaper မွာ “P” နဲ႔ “4” စာလုံးေတြကို မတူညီတဲ့ အေရာင္ငါးမ်ဳိးနဲ႔ ေတြ႕ရပါတယ္။ ေနာက္ဘက္ဒီဇုိင္းကေတာ့ မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ iPhone 11 Pro ကို အမွတ္ရစရာျဖစ္ၿပီး ေလးေထာင့္ပုံ Island အကြက္ထဲမွာ ကင္မရာႏွစ္ခုနဲ႔ Flash တုိ႔ကို ထည့္သြင္းထားတယ္။

သူ႕ရဲ႕ေနာက္ဘက္မွာ Google ရဲ႕ ‘G’ လိုဂုိကို ျမင္ေတြ႕ရေပမယ့္ Fingerprint ကိုေတာ့ မျမင္ရပါဘူး။ ဒါေၾကာင့္ Pixel 4 မွာ In-display Fingerprint ကို အသုံးျပဳလာတာ မဟုတ္ရင္ Face Unlock တစ္မ်ဳိးတည္းကိုပဲ Biometric သိမွတ္စနစ္အတြက္ မွီခုိလာတာ ျဖစ္ပါလိမ့္မယ္။

ပုံထဲမွာ ဖုန္းရဲ႕ ေဘးဘက္မွာ Physical Button ေလးေတြ ပါဝင္တာကိုလည္း ျမင္ေတြ႕ရမွာပါ။ Pixel 4 နဲ႔ Pixel XL တုိ႔ဟာ ေအာက္တုိဘာ ၁၅ ရက္ေန႔မွ တရားဝင္မိတ္ဆက္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္မတုိင္ခင္ေတာ့ Google ရဲ႕ ၂၀၁၉ Flagship စမတ္ဖုန္းေတြသတင္းကို နားစြင့္ထားရဦးမွာပါ။

Ref – GSM Arena

Unicode

Google Pixel 4 စမတ်ဖုန်းအသစ်အတွက် တရားဝင်မိတ်ဆက်ပွဲမှာ အသုံးပြုမယ့် Render လို့ ယူဆရတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာ သတင်းအမျိုးမျိုးထွက်ထားတဲ့ စတုတ္ထမျိုးဆက် Pixel ဖုန်းနဲ့ပတ်သက်ပြီး ထွက်လာသမျှ ပုံတွေထဲမှာ အရှင်းလင်းဆုံးလို့ ဆိုရမှာပါ။

ပုံထဲမှာတွေ့ရတဲ့အတိုင်း Pixel 4 ရဲ့အခြားဘက်သုံးခုမှာ သေးငယ်တဲ့ Bezel တွေသာပါရှိပေမယ့် အပေါ်ဘောင် ကတော့ Selfie ကင်မရာနဲ့ Earpiece တို့ကို ထည့်သွင်းလာရတဲ့အတွက် သိသာစွာ ထူထဲသွားပါတယ်။ ဒါ့အပြင် Motion Sense နည်းပညာအတွက် အခြားလိုအပ်တဲ့ Hardware တွေအတွက်ပါ နေရာပေးထားရပုံပါပဲ။

အခုထွက်လာတဲ့ Render ထဲက ဖုန်းရဲ့ Wallpaper မှာ “P” နဲ့ “4” စာလုံးတွေကို မတူညီတဲ့ အရောင်ငါးမျိုးနဲ့ တွေ့ရပါတယ်။ နောက်ဘက်ဒီဇိုင်းကတော့ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ iPhone 11 Pro ကို အမှတ်ရစရာဖြစ်ပြီး လေးထောင့်ပုံ Island အကွက်ထဲမှာ ကင်မရာနှစ်ခုနဲ့ Flash တို့ကို ထည့်သွင်းထားတယ်။

သူ့ရဲ့နောက်ဘက်မှာ Google ရဲ့ ‘G’ လိုဂိုကို မြင်တွေ့ရပေမယ့် Fingerprint ကိုတော့ မမြင်ရပါဘူး။ ဒါကြောင့် Pixel 4 မှာ In-display Fingerprint ကို အသုံးပြုလာတာ မဟုတ်ရင် Face Unlock တစ်မျိုးတည်းကိုပဲ Biometric သိမှတ်စနစ်အတွက် မှီခိုလာတာ ဖြစ်ပါလိမ့်မယ်။

ပုံထဲမှာ ဖုန်းရဲ့ ဘေးဘက်မှာ Physical Button လေးတွေ ပါဝင်တာကိုလည်း မြင်တွေ့ရမှာပါ။ Pixel 4 နဲ့ Pixel XL တို့ဟာ အောက်တိုဘာ ၁၅ ရက်နေ့မှ တရားဝင်မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မတိုင်ခင်တော့ Google ရဲ့ ၂၀၁၉ Flagship စမတ်ဖုန်းတွေသတင်းကို နားစွင့်ထားရဦးမှာပါ။

Ref – GSM Arena