[Zawgyi]

Pixel 3a နဲ႔ 3a XL ေတြၿပီးတဲ့ေနာက္ Google ဟာ သူ႔ရဲ႕ ေနာက္ထပ္ထြက္မယ့္ မ်ိဳးဆက္သစ္ Pixel 4 flagship အတြက္ အေတာ္ေလးကို အာ႐ုံစိုက္ခဲ့တယ္လို႔ ဆိုရမွာပါ။ Pixel 4 ေတြမွာ စိတ္ဝင္စားစရာေကာင္းတာက ကင္မရာပိုင္းမွာ အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ထားတယ္ဆိုတာပါပဲ။

လြန္ခဲ့တဲ့ မတ္လ တတိယပတ္ေလာက္ကတည္းက Pixel 4 ေတြဟာ မ်က္ႏွာျပင္မွာ ကင္မရာ ႏွစ္လုံးတပ္ဆင္ထားမွာျဖစ္ၿပီး ဒီကင္မရာေတြကို Punch-hole ထဲမွာ ထည့္သြင္းထားမွာလို႔ သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီသတင္းနဲ႔ပတ္သက္ၿပီး ခိုင္လုံတဲ့အေထာက္အထား မရွိခဲ့လို႔ ေကာလာဟလအျဖစ္ပဲ ထားခဲ့ရတာပါ။

အခုေတာ့ Pixel 4 ရဲ႕ Screen Protector ႐ုပ္ပုံေပါက္ၾကားလာခဲ့ၿပီး မ်က္ႏွာျပင္မွာရွိေနမယ့္ Punch-hole နဲ႔ ကင္မရာႏွစ္လုံးစာ ေနရာခ်န္ထားတာကို ေတြ႕ျမင္လိုက္ရပါတယ္။ ဒီေတာ့ ေက်ာဘက္မွာလည္း ကင္မရာႏွစ္လုံးတပ္ဆင္ထားမယ္ဆိုတဲ့သတင္းအတြက္ အေထာက္အထားကို ေစာင့္ဆိုင္း႐ုံပဲက်န္ပါေတာ့တယ္။

ဇန္နဝါရီ လကုန္ပိုင္းေလာက္က ထြက္ခဲ့တဲ့ Geekbench listing အရ Pixel 4 ဟာ Snapdragon 855 processor ကို အသုံးျပဳထားမယ္ဆိုတာကိုလည္း သိခဲ့ရၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ သိပ္မၾကာခင္ရက္ပိုင္းအတြင္း အျခားအေရးႀကီး အခ်က္အလက္ေတြနဲ႔ ကင္မရာေတြအေၾကာင္း အေသးစိတ္အခ်က္အလက္ေတြ ထပ္ၿပီးေပါက္ၾကားထြက္ေပၚလာေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMArena

[Unicode]

Screen protector ကြောင့် Google Pixel 4 ရဲ့ Punch-hole ထဲမှာ ကင်မရာနှစ်လုံးရှိကြောင်း အတည်ပြုနိုင်ခဲ့

Pixel 3a နဲ့ 3a XL တွေပြီးတဲ့နောက် Google ဟာ သူ့ရဲ့ နောက်ထပ်ထွက်မယ့် မျိုးဆက်သစ် Pixel 4 flagship အတွက် အတော်လေးကို အာရုံစိုက်ခဲ့တယ်လို့ ဆိုရမှာပါ။ Pixel 4 တွေမှာ စိတ်ဝင်စားစရာကောင်းတာက ကင်မရာပိုင်းမှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတယ်ဆိုတာပါပဲ။

လွန်ခဲ့တဲ့ မတ်လ တတိယပတ်လောက်ကတည်းက Pixel 4 တွေဟာ မျက်နှာပြင်မှာ ကင်မရာ နှစ်လုံးတပ်ဆင်ထားမှာဖြစ်ပြီး ဒီကင်မရာတွေကို Punch-hole ထဲမှာ ထည့်သွင်းထားမှာလို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသတင်းနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့အထောက်အထား မရှိခဲ့လို့ ကောလာဟလအဖြစ်ပဲ ထားခဲ့ရတာပါ။

အခုတော့ Pixel 4 ရဲ့ Screen Protector ရုပ်ပုံပေါက်ကြားလာခဲ့ပြီး မျက်နှာပြင်မှာရှိနေမယ့် Punch-hole နဲ့ ကင်မရာနှစ်လုံးစာ နေရာချန်ထားတာကို တွေ့မြင်လိုက်ရပါတယ်။ ဒီတော့ ကျောဘက်မှာလည်း ကင်မရာနှစ်လုံးတပ်ဆင်ထားမယ်ဆိုတဲ့သတင်းအတွက် အထောက်အထားကို စောင့်ဆိုင်းရုံပဲကျန်ပါတော့တယ်။

ဇန်နဝါရီ လကုန်ပိုင်းလောက်က ထွက်ခဲ့တဲ့ Geekbench listing အရ Pixel 4 ဟာ Snapdragon 855 processor ကို အသုံးပြုထားမယ်ဆိုတာကိုလည်း သိခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာခင်ရက်ပိုင်းအတွင်း အခြားအရေးကြီး အချက်အလက်တွေနဲ့ ကင်မရာတွေအကြောင်း အသေးစိတ်အချက်အလက်တွေ ထပ်ပြီးပေါက်ကြားထွက်ပေါ်လာတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena