Zawgyi

Google Pixel စမတ္ဖုန္းေတြက စတင္ထြက္ရွိတဲ့အခ်ိန္ထဲက Latest Flagship Processor ကိုပဲ ဆက္တုိက္အသံုးျပဳလာေပမယ့္ RAM အေနနဲ႔ကေတာ့ Pixel 1 ကေန အခုေနာက္ဆံုးထြက္ထားတဲ့ Pixel 3 နဲ႔ Pixel 3a ဖုန္းေတြအထိ RAM 4GB ပဲ ထည့္သြင္းေပးခဲ့တာျဖစ္ပါတယ္။

စစျခင္း Pixel စမတ္ဖုန္းမွာေတာ့ အခုလုိမ်ိဳး RAM 4GB ပဲပါဝင္တာက အားနည္းခ်က္တစ္ခုမဟုတ္ခဲ့ေပမယ့္လည္း ေနာက္ပုိင္းမွာေတာ့ တျခားေသာ Android Flagship ဖုန္းေတြက RAM 6GB ၊ 8GB နဲ႔ အခုဆိုရင္ RAM 12GB ေတြအထိ ထည့္သြင္းလာတဲ့အတြက္ Pixel 3 လုိဖုန္းမွာ RAM 4GB ဆုိတာက အားနည္းခ်က္ျဖစ္လာျပီလုိ႔ေျပာရမွာပါ။

Google က အခုလုိမ်ိဳး Pixel ဖုန္းေတြမွာ ျပိဳင္ဘက္ Android Flagship ဖုန္းေတြနဲ႔ ယွဥ္ျပိဳင္ႏုိင္တဲ့ RAM မပါတာကို ဒီႏွစ္မွာေတာ့ ျပင္ဆင္လာေတာ့မွာျဖစ္ျပီး လာမယ့္ ေအာက္တုိဘာလမွာ မိတ္ဆက္လာမယ့္ Google Pixel 4 စမတ္ဖုန္းေတြမွာ RAM 6GB ထည့္သြင္းေပးေတာ့မယ္လုိ႔ သိရပါတယ္။ အခုသတင္းကိုေတာ့ BGR ကေန Exclusive အေနနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

အခုလုိမ်ိဳး Pixel 4 မွာ RAM 6GB ပါဝင္လာမယ္ဆိုတာက Google အတြက္ေတာ့ Upgrade လုပ္ခဲ့တာျဖစ္ေပမယ့့္ လက္ရွိအခ်ိန္မွာ 12GB RAM အထိ Samsung ၊ OnePlus နဲ႔ Xiaomi လုိဖုန္းကုမၸဏီေတြက ထုတ္ႏုိင္ေနတဲ့အခ်ိန္မွာ လံုေလာက္ႏုိင္ပါ့ဦးမလားဆုိတာက စိတ္ဝင္စားစရာပါ။ Google Pixel ဖုန္းေတြက ေျပာရရင္ iPhone ေတြလုိမ်ိဳး RAM ပမာဏထက္ Software Optimization အေပၚပိုျပီးမွီခုိေနပံုပါပဲ။

ဒါတင္မဟုတ္ေသးဘဲ BGR ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ Google Pixel 4 ဖုန္းေတြက Storage အေနနဲ႔လည္း 128GB အထိပဲပါဝင္လာမယ့္ပံုစံပါပဲ။ အဲ့ဒါေၾကာင့္ တဖက္မွာ Samsung Galaxy Note 10 လုိဖုန္းေတြက 256GB ကုိ Base Storage အေနနဲ႔ ထည့္သြင္းလာမွာျဖစ္တဲ့အတြက္ Pixel အတြက္ေတာ့ ဒီႏွစ္ကို Specs ေတြနဲ႔ ယွဥ္ျပိဳင္သြားဖို႔ကေတာ့ ျဖစ္ႏုိင္မယ့္ပံုမေပၚပါဘူး။

Ref – GSM Arena

Unicode

Google Pixel စမတ်ဖုန်းတွေက စတင်ထွက်ရှိတဲ့အချိန်ထဲက Latest Flagship Processor ကိုပဲ ဆက်တိုက်အသုံးပြုလာပေမယ့် RAM အနေနဲ့ကတော့ Pixel 1 ကနေ အခုနောက်ဆုံးထွက်ထားတဲ့ Pixel 3 နဲ့ Pixel 3a ဖုန်းတွေအထိ RAM 4GB ပဲ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

စစခြင်း Pixel စမတ်ဖုန်းမှာတော့ အခုလိုမျိုး RAM 4GB ပဲပါဝင်တာက အားနည်းချက်တစ်ခုမဟုတ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ တခြားသော Android Flagship ဖုန်းတွေက RAM 6GB ၊ 8GB နဲ့ အခုဆိုရင် RAM 12GB တွေအထိ ထည့်သွင်းလာတဲ့အတွက် Pixel 3 လိုဖုန်းမှာ RAM 4GB ဆိုတာက အားနည်းချက်ဖြစ်လာပြီလို့ပြောရမှာပါ။

Google က အခုလိုမျိုး Pixel ဖုန်းတွေမှာ ပြိုင်ဘက် Android Flagship ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ RAM မပါတာကို ဒီနှစ်မှာတော့ ပြင်ဆင်လာတော့မှာဖြစ်ပြီးတော့ လာမယ့် အောက်တိုဘာလမှာ မိတ်ဆက်လာမယ့် Google Pixel 4 စမတ်ဖုန်းတွေမှာ RAM 6GB ထည့်သွင်းပေးတော့မယ်လို့ သိရပါတယ်။ အခုသတင်းကိုတော့ BGR ကနေ Exclusive အနေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Pixel 4 မှာ RAM 6GB ပါဝင်လာမယ်ဆိုတာက Google အတွက်တော့ Upgrade လုပ်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာ 12GB RAM အထိ Samsung ၊ OnePlus နဲ့ Xiaomi လိုဖုန်းကုမ္ပဏီတွေက ထုတ်နိုင်နေတဲ့အချိန်မှာ လုံလောက်နိုင်ပါ့ဦးမလားဆိုတာက စိတ်ဝင်စားစရာပါ။ Google Pixel ဖုန်းတွေက ပြောရရင်  iPhone တွေလိုမျိုး RAM ပမာဏထက် Software Optimization အပေါ်ပိုပြီးမှီခိုနေပုံပါပဲ။

ဒါတင်မဟုတ်သေးဘဲ BGR ရဲ့ ပြောကြားချက်အရဆိုရင် Google Pixel 4 ဖုန်းတွေက Storage အနေနဲ့လည်း 128GB အထိပဲပါဝင်လာမယ့်ပုံစံပါပဲ။ အဲ့ဒါကြောင့် တဖက်မှာ Samsung Galaxy Note 10 လိုဖုန်းတွေက 256GB ကို Base Storage အနေနဲ့ ထည့်သွင်းလာမှာဖြစ်တဲ့အတွက် Pixel အတွက်တော့ ဒီနှစ်ကို Specs တွေနဲ့ ယှဉ်ပြိုင်သွားဖို့ကတော့ ဖြစ်နိုင်မယ့်ပုံမပေါ်ပါဘူး။

Ref – GSM Arena