[Zawgyi]

Google Pixel 4 နဲ႔ Pixel 4 XL renders ေတြကိုေတာ့ အေစာကတည္းက အေတာ္အတန္ ေတြ႕ျမင္ခဲ့ၾကရၿပီး ျဖစ္ပါတယ္။ ဒီရက္ထဲမွာေတာ့ တြစ္တာကေနတစ္ဆင့္ Pixel 4 XL case renders ေတြ ပ်ံ႕ႏွံ႔လာပါတယ္။ ထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြက အေတာ္ေလး စိတ္ဝင္စားစရာေကာင္းေနပါေတာ့တယ္။

ဒီ Render ႐ုပ္ပုံေတြက ျပသေနတာကေတာ့ ေလးေထာင့္ကင္မရာေဘာင္ထဲမွာ ကင္မရာသုံးလုံးနဲ႔ ဖလက္ရွ္ကို စိန္ပြင့္ပုံသ႑ာန္ ထည့္သြင္းထားတာပဲ ျဖစ္ပါတယ္။ အေရွ႕ဘက္မွာလည္း ကင္မရာႏွစ္လုံးကို တပ္ဆင္ေပးထားၿပီး ေအာက္ေျခ Bezel ကေတာ့ အေတာ္ေလး က်ဥ္းေျမာင္းသြားတာ ျမင္ရပါတယ္။

Pixel 4 ကင္မရာေတြကေတာ့ 12MP အဓိကကင္မရာနဲ႔ 16MP 2x optical zoom telephoto ကင္မရာေတြနဲ႔ ျဖစ္ၾကပါတယ္။ Pixel 4 XL မွာလည္း ဒီကင္မရာႏွစ္မ်ိဳး ပါဝင္လာဖြယ္ရွိၿပီး တတိယေျမာက္ကင္မရာကေတာ့ “spectral sensor” နဲ႔ျဖစ္ၿပီး အလင္းေရာင္အားနည္းတဲ့အေျခအေနေတြမွာ ကင္မရာစြမ္းေဆာင္ရည္ကို ပိုေကာင္းလာေစသလို Bokeh effect ေတြကိုလည္း ပိုေကာင္းလာေစမယ္လို႔ သိရပါတယ္။

အတည္ျပဳလို႔မရေသးတဲ့ အခ်က္တစ္ခ်က္ကေတာ့ Pixel 4 XL ဟာ Google ရဲ႕ Project Soli sensing technology အတြက္ ဆင္ဆာ ပါဝင္လာျခင္းရွိ၊ မရွိဆိုတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Pixel 4 XL ဟာ Snapdragon 855 Plus အစား Snapdragon 855 ကိုပဲ အသုံးျပဳလာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Ref: Phone Arena

[Unicode]

Google Pixel 4 XL ရဲ့ Case Renders ထွက်ပေါ်လာ

Google Pixel 4 နဲ့ Pixel 4 XL renders တွေကိုတော့ အစောကတည်းက အတော်အတန် တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒီရက်ထဲမှာတော့ တွစ်တာကနေတစ်ဆင့် Pixel 4 XL case renders တွေ ပျံ့နှံ့လာပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေက အတော်လေး စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

ဒီ Render ရုပ်ပုံတွေက ပြသနေတာကတော့ လေးထောင့်ကင်မရာဘောင်ထဲမှာ ကင်မရာသုံးလုံးနဲ့ ဖလက်ရှ်ကို စိန်ပွင့်ပုံသဏ္ဍာန် ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ အရှေ့ဘက်မှာလည်း ကင်မရာနှစ်လုံးကို တပ်ဆင်ပေးထားပြီး အောက်ခြေ Bezel ကတော့ အတော်လေး ကျဉ်းမြောင်းသွားတာ မြင်ရပါတယ်။

Pixel 4 ကင်မရာတွေကတော့ 12MP အဓိကကင်မရာနဲ့ 16MP 2x optical zoom telephoto ကင်မရာတွေနဲ့ ဖြစ်ကြပါတယ်။ Pixel 4 XL မှာလည်း ဒီကင်မရာနှစ်မျိုး ပါဝင်လာဖွယ်ရှိပြီး တတိယမြောက်ကင်မရာကတော့ “spectral sensor” နဲ့ဖြစ်ပြီး အလင်းရောင်အားနည်းတဲ့အခြေအနေတွေမှာ ကင်မရာစွမ်းဆောင်ရည်ကို ပိုကောင်းလာစေသလို Bokeh effect တွေကိုလည်း ပိုကောင်းလာစေမယ်လို့ သိရပါတယ်။

အတည်ပြုလို့မရသေးတဲ့ အချက်တစ်ချက်ကတော့ Pixel 4 XL ဟာ Google ရဲ့ Project Soli sensing technology အတွက် ဆင်ဆာ ပါဝင်လာခြင်းရှိ၊ မရှိဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Pixel 4 XL ဟာ Snapdragon 855 Plus အစား Snapdragon 855 ကိုပဲ အသုံးပြုလာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: Phone Arena