[Unicode]
Google Pixel တွေထဲမှာ Mid-ranger အဖြစ် Pixel 3a series ကို လူကြိုက်များကြပေမယ့် ကုမ္ပဏီကတော့ ဒီနှစ်ထဲမှာ XL ကို ထုတ်တော့မှာမဟုတ်ဘဲ Pixel 4a တစ်မျိုးတည်းကိုပဲ ထုတ်လုပ်ရောင်းချသွားဖွယ်ရှိနေတာပါ။ ဒါကြောင့် ပြီးခဲ့တဲ့တစ်ပါတ်က Render ထွက်ရာမှာလည်း Pixel 4a တစ်မျိုးတည်းပဲ ထွက်ခဲ့တာပါ။
ဒီတစ်ပတ်မှာတော့ Pixel 4a ရဲ့ အပြင်ကာဗာဒီဇိုင်းပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒီကာဗာဒီဇိုင်းနဲ့ ထွက်ခဲ့တဲ့ Render တို့ဟာ အတော်လေးကို တူညီပါတယ်။ ဒါ့အပြင် ကာဗာဒီဇိုင်းနဲ့အတူ ထွက်လာတဲ့ပုံမှာ Pixel 4a ရဲ့ လေးထောင့်ကင်မရာဘောင်ထဲမှာ ရှိနေတာတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။
Pixel 4a ဟာ 5.81-inch အရွယ်အစားမျက်နှာပြင် ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ပုံမှန်ဆိုရင် Pixel 4a ရဲ့ အရွယ်အစားဟာ Pixel 4a XL ထက်သေးငယ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ 4a တစ်မျိုးတည်းပဲ ထွက်လာဖွယ်ရှိတာကြောင့် အရွယ်အစားက Pixel 3a ထက်ကြီးပြီး Pixel 3a XL ထက်လည်း သေးငယ်မယ်လို့ ယူဆရပါတယ်။
ဒီကာဗာပုံမှာလည်း Pixel 4a မျက်နှာပြင်ရဲ့ဘက်ဘယ်အပေါ်ထောင့်မှာ Punch-hole နဲ့အတူ ကင်မရာတစ်လုံး တပ်ဆင်ပေးထားတာကို တွေ့မြင်ရပါတယ်။ ထိပ်ပိုင်းမှာတော့ 3.5mm headphone jack ပေါက်ကို တွေ့မြင်ရပါတယ်။ Pixel 4a နဲ့ပတ်သက်ပြီး ထွက်ခဲ့သမျှရုပ်ပုံတွေအားလုံးဟာ တူညီတဲ့ဒီဇိုင်းကိုသာ ပြသကြတဲ့အတွက် အပြင်ပုံစံပိုင်းထက် အတွင်းအစိတ်အပိုင်းအကြောင်းတွေကိုပဲ ထပ်ပြီးသိရဖို့လိုပါတော့တယ်။
Ref: GSM Arena
[Zawgyi]
Google Pixel 4a ရဲ႕ Render နဲ႔ တူညီတဲ့ ကာဗာဒီဇိုင္း ႐ုပ္ပုံမ်ား ထြက္ေပၚလာ
Google Pixel ေတြထဲမွာ Mid-ranger အျဖစ္ Pixel 3a series ကို လူႀကိဳက္မ်ားၾကေပမယ့္ ကုမၸဏီကေတာ့ ဒီႏွစ္ထဲမွာ XL ကို ထုတ္ေတာ့မွာမဟုတ္ဘဲ Pixel 4a တစ္မ်ိဳးတည္းကိုပဲ ထုတ္လုပ္ေရာင္းခ်သြားဖြယ္ရွိေနတာပါ။ ဒါေၾကာင့္ ၿပီးခဲ့တဲ့တစ္ပါတ္က Render ထြက္ရာမွာလည္း Pixel 4a တစ္မ်ိဳးတည္းပဲ ထြက္ခဲ့တာပါ။
ဒီတစ္ပတ္မွာေတာ့ Pixel 4a ရဲ႕ အျပင္ကာဗာဒီဇိုင္းေပါက္ၾကားထြက္ေပၚလာပါတယ္။ ဒီကာဗာဒီဇိုင္းနဲ႔ ထြက္ခဲ့တဲ့ Render တို႔ဟာ အေတာ္ေလးကို တူညီပါတယ္။ ဒါ့အျပင္ ကာဗာဒီဇိုင္းနဲ႔အတူ ထြက္လာတဲ့ပုံမွာ Pixel 4a ရဲ႕ ေလးေထာင့္ကင္မရာေဘာင္ထဲမွာ ရွိေနတာေတြကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရပါတယ္။
Pixel 4a ဟာ 5.81-inch အ႐ြယ္အစားမ်က္ႏွာျပင္ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ပုံမွန္ဆိုရင္ Pixel 4a ရဲ႕ အ႐ြယ္အစားဟာ Pixel 4a XL ထက္ေသးငယ္ေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီႏွစ္ေတာ့ 4a တစ္မ်ိဳးတည္းပဲ ထြက္လာဖြယ္ရွိတာေၾကာင့္ အ႐ြယ္အစားက Pixel 3a ထက္ႀကီးၿပီး Pixel 3a XL ထက္လည္း ေသးငယ္မယ္လို႔ ယူဆရပါတယ္။
ဒီကာဗာပုံမွာလည္း Pixel 4a မ်က္ႏွာျပင္ရဲ႕ဘက္ဘယ္အေပၚေထာင့္မွာ Punch-hole နဲ႔အတူ ကင္မရာတစ္လုံး တပ္ဆင္ေပးထားတာကို ေတြ႕ျမင္ရပါတယ္။ ထိပ္ပိုင္းမွာေတာ့ 3.5mm headphone jack ေပါက္ကို ေတြ႕ျမင္ရပါတယ္။ Pixel 4a နဲ႔ပတ္သက္ၿပီး ထြက္ခဲ့သမွ်႐ုပ္ပုံေတြအားလုံးဟာ တူညီတဲ့ဒီဇိုင္းကိုသာ ျပသၾကတဲ့အတြက္ အျပင္ပုံစံပိုင္းထက္ အတြင္းအစိတ္အပိုင္းအေၾကာင္းေတြကိုပဲ ထပ္ၿပီးသိရဖို႔လိုပါေတာ့တယ္။
Ref: GSM Arena