Google Pixel 5a ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ Google က အဲဒီ စမတ်ဖုန်းကို မထုတ်လုပ်တော့ဘူးလို့လည်း သတင်းထွက်ခဲ့ပေမယ့် Google က ဒီသတင်းဟာ မှားနေပြီး အဲဒီ ဖုန်းကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းမယ်လို့ ပြောခဲ့ပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့ သတင်းအရ Google Pixel 5a ကို ဒီလ ၂၆ ရက်နေ့မှာ ရောင်းမယ်လို့ သိရပါတယ်။ Pixel 5a ကို Google က  ၄၅၀ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သတင်းထွက်လာပြီး မြန်မာငွေနဲ့တွက်ရင် ၇၄၀,၀၀၀ လောက် ကျသင့်နိုင်ပါတယ်။

Google Pixel 5a rumored to launch on August 26 for $450

ပေါက်ကြားနေတဲ့ Specs အကြောင်းပြောရရင် Pixel 5a မှာ ၆.၄ လက်မ မျက်နှာပြင်၊ Snapdragon 765G SoC ၊ 6GB RAM နဲ့ 4,650mAh ဘက်ထရီတွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Wireless Charging မပါလာနိုင်ဘဲ Mostly Black အရောင် ၁ မျိုးထဲပဲ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။

Google Pixel 5a rumored to launch on August 26 for $450 - GSMArena.com news

ကင်မရာတွေက Pixel 5 နဲ့ တူညီမှာ ဖြစ်ပြီး 5a မှာ နားကြပ်ပေါက်နဲ့ IP67 ရေစိုခံ စံနှုန်း ပါလာမှာပါ။ ဘက်ထရီ ပမာဏက Pixel 4a 5G ထက် အများကြီး တိုးတက်လာပြီး အရွယ်အစားလည်း ပိုကြီးလာမှာပါ။ Pixel 5a ကို အစောပိုင်းမှာ နိုင်ငံ ၂ ခုမှာပဲ  ရောင်းချမှာ ဖြစ်ပြီး အဲဒီ နိုင်ငံတွေက အမေရိကန်နဲ့ ဂျပန်တို့ ဖြစ်ပါတယ်။

ဥရောပနဲ့ အိန္ဒိယတို့မှာတော့ ပေးရတဲ့ ဈေးနဲ့ မတန်တဲ့အတွက် လူကြိုက်မှာ မဟုတ်လို့ မရောင်းချနိုင်ပါဘူး။ Google ဟာ Pixel 6 နဲ့ 6 Pro ကိုလည်း ကြေညာဖို့ပြင်ဆင်နေပြီး စက်တင်ဘာလလောက် နိုင်ငံ ၈ ခုမှာ ရောင်းချမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Ref : gsmarena