Google ကနေ ဒီနေ့ သြဂုတ်လ ၃ ရက်နေ့မှာ Pixel 4a စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Pixel 4a စမတ်ဖုန်းဟာ Qualcomm Snapdragon 730 Chipset ပဲပါဝင်မှာဖြစ်ပြီး 5G Support တော့မှာပါဝင်မှာမဟုတ်ပါဘူး။

အဲ့ဒီအတွက် Google အနေနဲ့ 5G Support ပါဝင်တဲ့ Google Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေကိုပါ ယခုနှစ်ကုန်ပိုင်းမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ အဆိုပါ 5G Pixel ဖုန်းတွေဖြစ်လာမယ့် Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေရဲ့ Teaser ဓါတ်ပုံက ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါ ဓါတ်ပုံမှာတော့ Pixel 4 ပုံစံ Square Camera Setup နဲ့ စမတ်ဖုန်း ၂ လုံးကို ဘေးဘက်ကနေ ဖော်ပြထားတာဖြစ်ပြီး 5G လို့ ရေးသားထားတာဖြစ်ပါတယ်။ အဆိုပါဖုန်းတွေရဲ့ ဘေးဘောင်တွေကလည်း တူညီခြင်းမရှိတဲ့အတွက် Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေဖြစ်မယ်ဆိုတာကို ခန့်မှန်းနိုင်ခဲ့တာဖြစ်ပါတယ်။

အရွယ်အစားအနေနဲ့ကတော့ မကြာခင်မှာမိတ်ဆက်လာမယ့် Pixel 4a စမတ်ဖုန်းဟာ 5.81″ Full HD+ OLED Display ကို အသုံးပြုလာမှာဖြစ်ပြီး Pixel 4a 5G ကတော့ Screen Size ပိုကြီးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့ဒီအတွက် အရွယ်အစားပိုကြီးတဲ့ဖုန်းက Pixel 4a 5G ဖြစ်နိုင်ပြီး “5” စာလုံးနဲ့ကပ်နေတဲ့ အရွယ်အစားသေးတဲ့ဖုန်းက Pixel 5 ဖြစ်လာနိုင်ပါတယ်။

Pixel 4a 5G နဲ့ Pixel 5 ဖုန်း ၂ လုံးစလုံးဟာ Qualcomm Snapdragon 765G Chipset ကိုအသုံးပြုထားမှာဖြစ်ပြီး Pixel 5 မှာတော့ ပိုကောင်းတဲ့ Camera Setup ၊ Wireless Charging နဲ့ တခြားသော Feature အသစ်တွေပါ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Ref – 9to5Google