Google ဟာ Pixel 6 နဲ့ 6 Pro ကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမယ်လို့ ထင်ပါတယ်။ Google ဟာ ကိုယ်ပိုင် SoC ကို ဖန်တီးနေတယ်လို့ သတင်းထွက်ခဲ့ပြီးပါပြီ။ အခုတော့ Jon Prosser က အဲဒီ ဖုန်း ၂ လုံးရဲ့ Specs အပြည့်အစုံကို ဖွင့်ထုတ်လိုက်ပါတယ်။ အရင်မျိုးဆက် Pixel ဖုန်းတွေထက် အများကြီး အားသာလာတာက ဘက်ထရီ ဖြစ်ပါတယ်။ Pixel 6 မှာ 4,614mAh နဲ့ Pro မှာ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Google Pixel 6, 6 Pro full specs leak, confirm custom chipset

Google Pixel 6 မှာ ၆.၄ လက်မ AMOLED မျက်နှာပြင်၊ အနောက်ဘက်မှာ 50MP Main နဲ့ 12MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ 8GB RAM ပါလာပြီး 128GB နဲ့ 256GB Storage ၂ မျိုး ရွေးချယ်နိုင်ပါတယ်။

Google Pixel 6 Pro မှာ အနည်းငယ် ပိုကြီးတဲ့ ၆.၇၁ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး Prosser က P-OLED အမျိုးအစားလို့ ပြောပါတယ်။ အဲဒီအတွက် မျက်နှာပြင်ကို LG က ထုတ်လုပ်ပေးထားတာ ဖြစ်နိုင်ပါတယ်။ အရှေ့ဘက်မှာ 12MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main, 48MP Telephoto ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 12GB RAM ပါလာပြီး 128GB , 256GB အပြင် 512GB Storage ပါရွေးချယ်နိုင်ပါတယ်။

စမတ်ဖုန်း ၂ လုံးစလုံးဟာ အသစ်စက်စက် Android 12 OS ပါလာမယ့် ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။ Prosser ရဲ့ သတင်းအရ Google ဟာ Software Update ကို အနည်းဆုံး ၅ နှစ်အထိ ပေးမယ်လို့ အာမခံမယ်လို့ သိရပါတယ်။

Ref : gsmarena