Google က Pixel 6 နဲ့ 6 Pro ကို တရားဝင် မကြေညာရသေးပါဘူး။ အခုတော့ New York City က Google Store မှာ အဲဒီ စမတ်ဖုန်းတွေကို ပြသထားတာတွေ့ရပြီး မိတ်ဆက်ပွဲ မတိုင်ခင် Store မှာ တင်ထားတာက တော်တော်ထူးဆန်းပါတယ်။

Via Reddit

အဲဒီ Store က Pixel 6 နဲ့ 6 Pro ရဲ့ ဓါတ်ပုံတွေကို User များစွာက Reddit မှာ မျှဝေထားကြပါတယ်။ u/ThisGuyRightHer3 နဲ့ u/rami1190 တို့က Pixel 6 Pro နဲ့ Pixel 6 တို့ရဲ့ ဓါတ်ပုံတွေကို အသီးသီး တင်ထားကြတာပါ။

Via Reddit

ဒါဟာ Google ရဲ့ Pixel 6 Series အတွက် Marketing နည်းဗျူဟာ ဖြစ်နိုင်ပါတယ်။ Google ဟာ Pixel 6 ဖုန်း ၂ လုံးရဲ့ ဒီဇိုင်းတွေကို ဖော်ပြထားတဲ့ ဓါတ်ပုံတွေနဲ့ Tensor Chipset ထည့်သွင်းထားမယ်ဆိုတာကို ဩဂုတ်လ အစောပိုင်းမှာ မျှဝေခဲ့ပါတယ်။ Google ဟာ Pixel ဖုန်း အသစ်တွေရဲ့ ကင်မရာ စနစ်ကို အဆင့်မြှင့်ထားမယ်လို့လည်း သတင်းထွက်နေပြီး အဲဒီအထဲမှာ Pro မော်ဒယ်ရဲ့ Telephoto ကင်မရာလည်း ပါပါတယ်။

Google က Pixel 6 Series ကို ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ မကြာခင်က ထွက်ခဲ့တဲ့ သတင်းအရ Pixel 6 နဲ့ 6 Pro ရဲ့ ဘေးဘက်ကို ညှစ်လိုက်တာနဲ့ Google Assistant ကို ဆင့်ခေါ်နိုင်တဲ့ Google ရဲ့ Active Edge လုပ်ဆောင်ချက်ပါလာနိုင်ပါတယ်။

Google ဟာ Folding Pixel စမတ်ဖုန်းကို ဒီနှစ် အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ကြေညာနိုင်တယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။

Ref : gsmarena