Google က Pixel 6 နဲ့ Pixel 6 Pro ကို ဖန်တီးနေတဲ့ အကြောင်း မကြာခင်က အတည်ပြုခဲ့ပြီး အဲဒီ စမတ်ဖုန်းတွေမှာပါလာမယ့် လုပ်ဆောင်ချက် အနည်းငယ်ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် Google က အဲဒီ စမတ်ဖုန်းတွေကို ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မပြောပြခဲ့ဘဲ  Australia, Canada, France, Germany, Japan, Taiwan, the UK နဲ့ US စတဲ့ နိုင်ငံ ၈ ခုမှာ ရောင်းမယ်လို့ အတည်ပြုထားပါတယ်။

Google Pixel 6 and Pixel 6 Pro's availability confirmed

ဒါပေမယ့် Google က အဲဒီ စမတ်ဖုန်းတွေကို ရောင်းမယ့် အချိန်အတိအကျကို မပြောပေမယ့် ၂၀၂၁ ခုနှစ် ကွာတား ၄ အတွင်း စက်တင်ဘာလလောက်မှာ အထက်ပါ နိုင်ငံတွေမှာ ရောင်းမယ်လို့ အသိပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ရောင်းချပေးမယ့် နိုင်ငံ‌တွေ ပိုများလာမှာ ဖြစ်ပါတယ်။

Pixel 6Pixel 6 Pro

Google က Pixel 6 နဲ့ 6 Pro ရဲ့ Specs တွေကို မပြောပေမယ့် ၂ လုံးစလုံးမှာ Google ထုတ်တဲ့ Tensor Chip ၊ Android 12 တွေ ပါလာမှာ ဖြစ်ပြီး အရောင် ၃ ရောင် ထုတ်လုပ်ထားမယ်လို့ အတည်ပြုထားပါတယ်။

ပေါက်ကြားသတင်းတွေအရ Pixel 6 မှာ ၆.၄ လက်မ FullHD+ 90Hz မျက်နှာပြင်နဲ့ 6 Pro မှာ ၆.၇ လက်မ QHD+ 120Hz မျက်နှာပြင်ကွေး ပါလာမှာပါ။ ၂ လုံးစလုံးမှာ ဆဲလ်ဖီး ကင်မရာကို Centered Punch Holes မှာ တပ်ဆင်ထားမှာပါ။

အနောက်ဘက်ကာဗာတွေက Nexus 6P နဲ့ တူညီမှာ ဖြစ်ပြီး Wide နဲ့ Ultrawide Angle ကင်မရာတွေ ပါလာမှာပါ။ Pixel 6 Pro မှာတော့ 4x Telephoto ကင်မရာ အပိုတပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena