Google Pixel 6a ကို ပြီးခဲ့တဲ့ လက ထုတ်ဖော်ပြသခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နောက်ပိုင်းကျမှ မိတ်ဆက်ရောင်းချမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ Unboxing Video ၁ ခုကို TikTok မှာ User anjangz က မျှဝေထားပါတယ်။

Charcoal Version ဖြစ်ပြီး မျက်နှာပြင်ကို Protective White Sheet နဲ့ ဖုံးအုပ်ထားကာ Controls, Ports နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေအတွက် Label ကို Sheet မှာ ထည့်သွင်းထားပါတယ်။

Google announces Pixel 6a with Google Tensor processor for $449

ဘူးထဲမှာ USB-C Cable နဲ့ USB-C Adapter ထည့်သွင်းထားပြီး Google Tensor Branding ကို ရေးသားထားပါတယ်။ Google က ဘူးကို ဖွင့်တိုင်း Pixel 6a ကို မောင်းနှင်ထားတဲ့ Processor ကို သိစေချင်ပုံရပါတယ်။

Pixel 6a ရဲ့ Specs တွေကို ပြန်လည် တင်ပြရရင် ၆.၁ လက်မ FullHD+ 60Hz OLED မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ အလယ်က Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

အနောက်ဘက်က အလျားလိုက် ဘားမှာ 12.2MP Main , 12MP Ultrawide ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။ 6GB RAM နဲ့ 128GB Storage ပါလာပြီး Android 12 မောင်းနှင်ထားပါတယ်။ စတီရီယို စပီကာတွေ ထည့်သွင်းထားပြီး IP67 စံနှုန်း၊ 5G ဆက်သွယ်မှုနဲ့ 18W Charging ထောက်ပံ့တဲ့ 4,410mAh ဘက်ထရီတွေ ပါပါတယ်။

Ref : gsmarena