Google ရဲ့ လာမယ့်နှစ်အတွက် Mid Range ဖုန်းဖြစ်လာမယ့် Google Pixel 6a Design Render ဓါတ်ပုံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Pixel 6a ဟာ Pixel 6 နဲ့ Design ပိုင်း ဆင်တူမှာဖြစ်ပြီး ယခင် Pixel 5a ဖုန်းထက် အများကြီးပိုမိုအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

အခုလည်း Pixel 6a နဲ့ ပတ်သက်ပြီး နောက်ထပ်အချက်အလက်အချို့ကို သိရှိခဲ့ရပြီဖြစ်ပါတယ်။ ဒါကတော့ Google Camera Apk ကို Breakdown ပြုလုပ်တာကနေ သိရှိခဲ့ရတာဖြစ်ပြီး Pixel 6a ဟာ Codename အနေနဲ့ Bluejay လို့ နာမည်ပေးထားမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ကတော့ Pixel 6 ဖုန်းတွေလိုမျိုး 50MP Camera Setup အစား Pixel 5 မှာ အသုံးပြုထားတဲ့ 12.2MP Sony IMX363 Camera Sensor နဲ့ 12MP Sony IMX355 Ultrawide Sensor တွေကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera ကလည်း 8MP Sony IMX355 ကိုပဲ အသုံးပြုထားမှာပါ။

ဒီလိုမျိုး Camera ပိုင်း အဆင့်မြှင့်တင်မှုမရှိပေမယ့်လည်း Performance ပိုင်းမှာတော့ Google Pixel 6a ဖုန်းဟာ ယခင် Google Pixel 6 Series မှာ အသုံးပြုထားတဲ့ ကိုယ်ပိုင် Tensor Chip ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ယခင်ထက် ပိုကောင်းမှာဖြစ်သလို AI Feature တွေအများအပြားကိုလည်း Pixel 6 ဖုန်းတွေလိုမျိုးပဲ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

Google Pixel 6a ဟာ 6.2″ Full HD+ OLED Display ၊ Under Display Fingerprint Sensor တွေပါဝင်မှာဖြစ်ပြီး ယခင် Pixel A Series ဖုန်းတွေလိုမျိုး 3.5mm Headphone Jack ကိုလည်း ထည့်သွင်းပေးထားတော့မှာမဟုတ်ပါဘူး။ မိတ်ဆက်မယ့်အချိန်ကိုတော့ လောလောဆယ်မှာ အတိအကျသိရှိရခြင်းမရှိသေးဘဲ လာမယ့်နှစ်အစောပိုင်းလောက်မှ မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena