Google ဟာ လာမယ့်အောက်တိုဘာလ ၇ ရက်နေ့မှာ Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုး မိတ်ဆက်ဖို့ အချိန်နီးကပ်လာတာနဲ့အတူ Pixel 7 Series ဖုန်းတွေရဲ့ သတင်းတွေကလည်း ပိုမိုပေါက်ကြားလာပြီဖြစ်ပါတယ်။

အခုနောက်ဆုံးပေါက်ကြားလာတဲ့သတင်းကတော့ Google Pixel 7 ဖုန်းတွေရဲ့ စျေးနှုန်းပဲဖြစ်ပါတယ်။ အခုပေါက်ကြားလာတဲ့စျေးနှုန်းတွေဟာ US နိုင်ငံအတွင်းမှာ ရောင်းချသွားမယ့် စျေးနှုန်းတွေဖြစ်ပြီး တခြားသော နိုင်ငံတွေမှာတော့ အနည်းငယ်ကွာခြားနိုင်ပါတယ်။

Pixel 7 ဟာ စျေးနှုန်းအနေနဲ့ $599 ကနေ စတင်ရောင်းချမှာဖြစ်ပြီး Google Pixel 7 Pro ဖုန်းကတော့ $899 ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Google ဟာ Pixel 7 Series ဖုန်းတွေကို မနှစ်တုန်းက Pixel 6 Series ဖုန်းတွေရဲ့ စျေးနှုန်းအတိုင်းပဲ ပြောင်းလဲခြင်းမရှိဘဲ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Google Pixel 7 စမတ်ဖုန်းတွေဟာ Google ရဲ့ Tensor Gen 2 Chipset ကို အဓိကအသုံးပြုသွားမှာဖြစ်ပြီး Design ပိုင်းမှာ အနည်းငယ်ပြောင်းလဲမှုတွေကို ပြုလုပ်ထားမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Pixel 7 ဖုန်းဟာ Snow ၊ Obsidian နဲ့ Lemongrass အရောင်တွေပါဝင်မှာဖြစ်ပြီး Pixel 7 Pro ဖုန်းမှာတော့ Obsidian ၊ Hazel နဲ့ Snow အရောင်တွေကို ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

အခု Google Pixel 7 Series ဖုန်းတွေရဲ့စျေးနှုန်းဟာ အနိမ့်ဆုံး Storage Version ဖြစ်တဲ့ 128GB Version အတွက် စျေးနှုန်းတွေဖြစ်ပြီးတော့ Storage အလိုက် စျေးနှုန်းပိုမိုမြင့်မားသွားမှာဖြစ်ပါတယ်။

Ref – GSM Arena