Google Pixel 6a ကို အရင်နှစ် မေလမှာ ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် Pixel 7a ရဲ့ သတင်းတွေ ထွက်နေပါတယ်။ Google Pixel 7a ဟာ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး နွေရာသီမှာ ကြေညာနိုင်ပါတယ်။

Alleged Pixel 7a

အခုတော့ Google Pixel 7a ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားလာပြီး 6.1 Inch 1080p 90Hz OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Google Tensor G2 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး UFS 3.1 Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Alleged Pixel 7a

အနောက်ဘက်မှာ 64MP Sony IMX787 Main နဲ့ 12MP Ultrawide ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး Main ကင်မရာဟာ Pixel 6a ရဲ့ 12.2MP ကင်မရာထက် သိသိသာသာ တိုးတက်လာမှာ ဖြစ်ပါတယ်။

Google Pixel 7a ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က 5W Wireless Charging ထည့်သွင်းထားမှာ ဖြစ်ပြီး စွမ်းရည်သင့် စမတ်ဖုန်း နယ်ပယ်မှာ ကောင်းမွန်တဲ့ Ultrawide ကင်မရာ၊ စွမ်းဆောင်ရည်ကောင်းတဲ့ Chipset နဲ့ Wireless Charging ပါလာတာက ထူးခြားပါတယ်။ Google Pixel 7a ဟာ အဖက်ဖက်က ကောင်းမွန်တဲ့ စမတ်ဖုန်း ဖြစ်ပြီး ဈေးနှုန်းလည်း ချိုသာမှာ ဖြစ်ပါတယ်။

Ref : gsmarena